Main menu

Background

၁၃-၁၀-၂၀၁၂ မှ ၁၉-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

Sun, 10/21/2012 - 07:42 -- Anonymous (not verified)

အောက်တိုဘာ ဒုတိယပတ်အတွင်းမှာ ကုမ္ပဏီ ခုနစ်ခုမှ ဓာတ်ဆီ တန်ချိန် ၁၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၃၁၁၂ စုစုပေါင်းတန်ချိန် ၄၆၁၂၊ တန်ဖိုးအားဖြင့် လေးဆယ့် ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းရန် လိုင်စင်လျှောက်ထား ခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းက မပြောင်းပေမဲ့ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီဈေးက အနည်းငယ်ကျလာပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းတွေမှာ ဓာတ်ဆီ ၃၆၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်တို့နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ဈေးက ဒီဇယ် ၃၈၀၀ ကျပ်ဖြစ်ပြီး ဓာတ်ဆီက ၃၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းလဲပေ မယ့် ပြင်ပဆိုင်ရဲ့ ဈေးကနည်းနည်းကျလာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေး နှုန်းမှာ ဓာတ်ဆီဈေးက ၃၇၅၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေး မပြောင်းလဲပေမဲ့ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးက ငါးဆယ်ကျပ်ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ တောင်ကြီးမှာတော့ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်းလဲ ပေမယ့် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာတော့ ဓါတ်ဆီ ၁၀၀ ကျပ်ဈေးမြင့်ပြီး ဒီဇယ်က ၅၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓါတ်ဆီဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်၊ ဒီဇယ်ဈေးက တစ်ဂါလန် ၃၉၅၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပဆိုင်များရဲ့ ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                     MIRT(DOT)ဓာတ်ဆီအသွင်းပိုပြီး  ဒီဇယ် အသွင်းလျော့တဲ့ နယ်စပ်အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၇၉ သန်းတန်ဖိုးရှိ ဓာတ် ဆီ ၇၀၂၃၅ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက်  တင်သွင်းမှုတွေက တော့ မူဆယ်မှ ၅၂၃၆ ဂါလန်၊ တာချီ လိတ်မှ ၆၄၉၉၉ ဂါလန်၊ မြိတ်မှ ၃၀၈၀ ဂါလန်နဲ့ ကော့သောင်းမှ ၂၁၅၆ ဂါလန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဇယ်ဆီ တင်သွင်းမှုအပိုင်းကို ကြည့် မယ်ဆိုလျှင် ကန်ဒေါ်လာ သုည ဒသမ ၂၃၆သန်းတန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၆၈၆၅၈ ဂါလန်ကို နယ်စပ်စခန်းများမှ အသွင်း ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် ဒီဇယ် ဆီတင်သွင်းမှုများမှာ  ကော့သောင်းမှ ၁၉၆၈၇ ဂါလန်နဲ့ မြိတ်မှ ၉၁၈၇ ဂါလန်၊ တာချီလိတ်မှ ၂၇၁၈၃ ဂါလန်နဲ့ မြဝတီ မှ ၁၂၆၀၀ ဂါလန် အသီးသီးဖြစ် ပါ တယ်။             MIRT(DOBT)
 
၁၃-၁၀-၂၀၁၂ မှ  ၁၉-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း

တရုတ်

(ကျပ်)
(ကျပ်)

၁။  
မူဆယ်
ဂါလန်
3900
3900

၂။
လွယ်ဂျယ်
ဂါလန်
4200
4150

၃။
ချင်းရွှေဟော်
ဂါလန်
4000
4000

ထိုင်း

(ကျပ်)
(ကျပ်)

၁။
ကော့သောင်း
ဂါလန်
3900
3600

၂။
မြဝတီ
ဂါလန်
3900
4000

၃။
တာချီလိတ်
ဂါလန်
3808
3865

အိန္ဒိယ

(ကျပ်)
(ကျပ်)

၁။
တမူး
ဂါလန်
4200
4000

ဘင်္ဂလားဒေ့ရှ်

(ကျပ်)
(ကျပ်)

၁။
စစ်တွေ
ဂါလန်
4400
3500

၂။
မောင်တော
ဂါလန်
5500
5000