Main menu

Background

ဟောင်းနွမ်း နိုင်ငံခြားငွေစက္ကူများအား လက်ခံလဲလှယ်ပေးတော့မည်

Sun, 10/21/2012 - 07:59 -- Anonymous (not verified)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဟောင်းနွမ်း နိုင်ငံခြားငွေစက္ကူများအား အောက်တိုဘာ ၂၂ ရက်မှစတင်၍ လက်ခံတော့မည်ဖြစ်ကြောင်း သိရ သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးကွက် တိုးတက်ဖွံ့ဖြိုး စေရန် ရည်ရွယ်၍ နိုင်ငံခြားငွေ များ ရောင်းခြင်း/ဝယ်ခြင်း  လုပ်ငန်းတို့ကို နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် ဆောင်ရွက်ခွင့်ပြုထားပြီး ဘဏ် များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်နှင့်ဆက်သွယ် ၍ နိုင်ငံခြားငွေများ ပေးသွင်းအပ်နှံခြင်း၊ ထုတ်ယူခြင်းကိစ္စ ရပ်များ ဆောင်ရွက်ရန် ယခုနှစ် ဇူလိုင် ၁၈ ရက်နေ့စွဲပါ ငွေကြေး ညွှန်ကြား လွှာအမှတ်-၆/၂၀၁၂-၁၃ ဖြင့် ထုတ် ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားလွှာတွင် လက်ခံ ခြင်းမပြုရသည့်နိုင်ငံခြားငွေအခြေအနေ များ အပိုဒ်-၅၊ အပိုဒ်ခွဲ(က)မှ(ဋ)အထိ ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။သို့သော် ယခုအခါတွင် နိုင်ငံခြား ငွေကြေးဈေးကွက် ပိုမိုဖွံ့ဖြိုးလာစေရန် အတွက် အမေရိကန်ဒေါ်လာ၊  ယူရို၊ စင်ကာပူဒေါ်လာနှင့်အခါအားလျော်စွာ ထပ်မံခွင့်ပြုမည့် နိုင်ငံခြားငွေများတွင်  အောက်ပါအခြေအနေရှိသောနိုင်ငံခြား  ငွေများမှလွဲ၍  ကျန်နိုင်ငံခြားငွေစက္ကူ များကို စက်ဖြင့်သာ ငွေအတုအစစ် ခွဲ ခြားပြီး လက်ခံသွားရန်  မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ညွှန်ကြားချက်ထုတ် ပြန်ခဲ့ကြောင်း သိရသည်။ (က)    စုတ်ပြဲ၊ ပေါက်ပြဲနေသော ငွေ စက္ကူများ။ (ခ)    တိပ် (Tape) ကပ်ထားသော ငွေစက္ကူများ၊ (ဂ) အသုံးမပြုရန် သက်ဆိုင်ရာမှ (အခါအားလျော်စွာ)ထုတ်ပြန် ထားသည့် ငွေစက္ကူများ၊ (ဃ)    နံပါတ်မတူငွေစက္ကူများ (ငွေ စက္ကူတစ်ရွက်တွင် နံပါတ်နှစ် နေရာ ပုံနှိပ်ထားပါသည်။) (င)    ဆွေးမြေ့၊ မီးလောင်၊ ပိုးမွှား ကိုက်၊ ကျွတ်ဆတ် ငွေစက္ကူ များ၊ (စ)    ပန်းရောင်အဆင်းရှိ  မှိုစွဲကပ် နေသော ငွေစက္ကူများ၊အထက်ပါအချက်များအနက် (က) မှ (င)အထိသည် ဗဟိုဘဏ်၏ ညွှန် ကြားချက်များတွင် ပါဝင်ပြီး အမှတ်(စ) မှာ  ပန်းရောင်ရှိသည့် မှိုများသည် အ ခြားငွေစက္ကူများကိုပါ ချက်ချင်းကူးစက် ပြီး သုံးမရသည့်အခြေအနေသို့ ရောက် ရှိစေသောကြောင့် အာရှစိမ်းလန်းမှုဖွံ့ ဖြိုးရေးဘဏ်မှ  လက်မခံသည့်အချက် တစ်ချက်ဖြစ်ကြောင်း သိရသည်။မယ်သီတာ