Main menu

Background

စင်ကာပူနဲ့ ထိုင်းမှ ဘိလပ်မြေများ တင်သွင်း

Wed, 10/24/2012 - 04:30 -- Anonymous (not verified)

အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်တာ ကာလအတွင်း ဘိလပ် မြေ တန်ချိန် ၅၅၁၃၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ငါး သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကိုတင်သွင်းခဲ့ပါတယ်။ ဆင် တံဆိပ် ၃၁၅ တန်၊ စိန်တံဆိပ် ၆၁၀၀ တန်နဲ့ အခြားဘိလပ်မြေ တန်ချိန် ၄၈၇၂၀ ကို မှာယူတင်သွင်းခဲ့ပါတယ်။ MIRT(DOT)

 
နယ်စပ်စခန်းများမှ ဘိလပ်မြေတန် ၅၀၀၀ ကျော်အသွင်းရှိအောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၉၈ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၅၃၀၄ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၇၁၈ တန်ကျော်၊ လွယ်ဂျယ်မှ ၅၆၃ တန်၊ ကော့သောင်းမှ ၅၂၈ တန်၊ မြိတ်မှ တန် ၁၅၀၀ နဲ့ တာချီလိတ်မှ ၁၉၉၅ တန် အသီးသီးဖြစ်ပါတယ်။MIRT(DOBT)
အဝယ်သွက် အရောင်းသွက်လာပေမယ့် ဈေးနှုန်းငြိမ်နေဆဲ ဘိလပ်မြေ မော်လမြိုင်ဘိလပ်မြေ ဈေးကွက်မှာ ဘိလပ်မြေက  အဝယ်လိုက်ပေမယ့် ဈေးက အကျဘက်မှာရှိနေတယ်လို့ ပြောပါတယ်။ ရောင်းအားရှိပေမယ့် မြင်း ခေါင်းဘိလပ်မြေနဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေကတစ်အိတ်ကို ငါးဆယ်ကျပ် ဈေး ထပ်ကျလာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက မြင်းခေါင်းဘိလပ်မြေက ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၆၇၅ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေတစ်အိတ် ၃၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဘိလပ်မြေက  ပွင့်လင်းချိန်ရောက်လာလို့ အရောင်း သွက်လာပေမယ့် ဈေးကတော့ ငြိမ်နေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက အေသုံးလုံး ၅၄၀၀ ကျပ်၊ မြန်မာဆင် ၅၂၀၀ ကျပ်၊ ဆင် (ထိုင်း)ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၁၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီဖြစ်လို့ သွက်သွက်လက် လက် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်ဈေးက ဒီတစ်ပတ်မှာ နှစ်ရာကျပ်မှ လေးရာကျပ်အတွင်း ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)တစ်အိတ်ကို ၅၆၀၀ ကျပ်၊ စိန်(ထိုင်း)တစ်အိတ်ကို ၅၅၀၀ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၈၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ရောင်းအား တက်လာပေမယ့် ဈေး က ငြိမ်နေသေးတယ်။ မိုးကလည်းပါး လာတာကြောင့် ဘိလပ်မြေက နည်းနည်းအ ဝယ်လိုက်လာတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက စိန်(ထိုင်း) တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ၄၉၀၀ ကျပ်၊ နဂါးတစ်အိတ်ကို ၅၉၀၀ ကျပ်၊ ဆင် (ထိုင်း) တစ်အိတ်ကို ၆၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားအေးနေသေးတယ်လို့ ဘိလပ် မြေအရောင်းဆိုင်မှ  တာဝန်ရှိသူ တစ်ဦးက  ပြောပါတယ်။ မိုးပြတ်ပေမယ့်လည်း ဘိလပ်မြေက အရောင်းမသွက်သေးဘူး။ ဘိလပ်ဈေးကတော့ ယခင်တစ်ပတ်ဈေး နဲ့ပဲငြိမ်နေတယ်။ နောက်ပိုင်းတော့ ရောင်းအားတက်လာမယ်လို့ မျှော်လင့်တာပဲလို့ ၎င်းင်းကဆိုပါတယ်။ ဘိလပ်မြေဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်း ဆင် (ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                      MIRT(DOT)