Main menu

Background

စားအုန်းဆီစိုက်ပျိုးတဲ့ဒေသမှာ ရေလွှမ်းမိုးခြင်း၊ အမေရိကန်၊ တရုတ်စီးပွားရေး အခြေအနေများအရ စားအုန်းဆီဈေး တဖန်ပြန်တက်လာ

Wed, 10/24/2012 - 04:42 -- Anonymous (not verified)

စားအုန်းဆီအဓိက စိုက်ပျိုးရာ ဒေသများအတွင်း ရေလွှမ်းမိုးမှုကြောင့် အထွက် ကျဆင်းမှာ စိုးရိမ်မှုတွေ ရှိလာပြီး၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး စာရင်းများအရ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အလား အလာ တွေကြောင့် အောက်တို ဘာလ ၁၈ ရက်၊ မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေး ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ယခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တဲ့ စားအုန်းဆီကြိုပွိုင့်ဈေးဟာ လာမယ့် သီတင်းပတ် အစ္စလမ်ဘာသာေ ရး ပွဲတော်အတွက် အချို့ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူ မှုကြောင့်လည်း ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

" ဈေးကွက်က ဆက်ပြီး ပိုမိုကောင်းမွန်လာမှာပါ။ လက်ရှိမှာလည်း မိုးရွာသွန်း နေ လို့ ရေလွှမ်းမိုးမှုတွေ ရှိနိုင်တယ်လို့ " ဒေသတွင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလစာချုပ်ဈေး ဟာ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ရင်းဂစ် ၂၄၉၉ (ကန်ဒေါ်လာ ၈၂၂)ရှိခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် မလေးရှား နိုင်ငံအတွင်း ဆီအုန်းရိတ်သိမ်းမှုနဲ့ သယ်ယူပို့ဆောင်မှု အခက်အခဲ ရှိလာနိုင်တဲ့အတွက် ထုတ်လုပ်မှုေ လျာ့ကျကာ စက်တင်ဘာလမှာ စံချိန်တင်မြင့်တက် ခဲ့တဲ့ စားအုန်းဆီလက်ကျန်ကို ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် ပဲပုပ် အခြေအနေအရလည်း စားအုန်းဆီကြိုပွိုင့်ဈေး မြင့်တက်လာတယ်လို့ ကုန်သည်များကဆိုပါတယ်။ ပဲပုပ်ကြိုပွိုင့်ဈေးက ယခုတစ် ပတ်အစပိုင်းမှာ ကျဆင်းခဲ့ပြီး၊ ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွက် အမေရိကန် ပဲပုပ်ဆီဈေးက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ဒေလီယံ ကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလအတွက် ပဲပုပ်ဆီစာချုပ်ဈေးမှာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ဆီသုံးစွဲမှု အကြီးဆုံးတရုတ်နိုင်ငံရဲ့ စီးပွား ရေးက မျှော်မှန်းထားသလို ဖြစ်လာဖွယ်ရှိပြီး၊ ဝယ်လိုအား ပုံမှန်ကြီးထွားလာမယ့် အခြေအနေရှိတာကြောင့် ဘရင့်ရေနံစိမ်းကြိုပွိုင့်ဈေးကတစ်စည်ကန်ဒေါ်လာ ၁၁၃ အထက်ကိုရောက်ရှိခဲ့ပါတယ်။           ယုဇန၊ Source: Reuters