Main menu

Background

ကျေးဇူးတင်လိုက်တာ Commerce Journal

Wed, 10/24/2012 - 05:23 -- Anonymous (not verified)

ဗိုလ်ဇော်တစ်ယောက် စာမရေး ဖြစ်တာ ကြာနေ ပြီ...တော်တော်ကို ကြာသွားခဲ့ပြီ။ အခုတော့ အချိန် လေးကလဲ ရလာပြန်တာရယ် ရေးချင်တဲ့စိတ်ကူးရယ် ကြောင့် ကလောင်ကိုကိုင်ကာ စွဲမိတယ်လို့ ပြောရမှာ ပေ့ါ။

ဗိုလ်ဇော်တစ်ယောက် ပြည်ပခရီး ထွက်လာခဲ့ တယ်။ မထွက်ဖြစ်တာတောင် ကြာသွားပြီ။ ထွက်လာ ရတာကတစ်ယောက်တည်း၊တက်ရမှာကတစ်ကမ္ဘာလုံး နဲ့ဆိုင်တဲ့ကိစ္စ၊ လာကြမဲ့သူတွေကလဲ တကယ့်ပညာ ရှင် တွေ..ဒါကြောင့် စိတ်တော့လေးတယ်။ မထွက်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ တစ်ပတ်လောက် အချိန်ယူလုပ် ခဲ့တယ်။ အသေးစိတ်တတ်နိုင်သမျှ အဘက်ဘက်က ပြင်ဆင်လာခဲ့တာပါပဲ။ ဒီတစ်ခေါက် ခရီးကတော့ တော်တော်အဆင်ပြေစွာနဲ့ ရောက်လာခဲ့တယ်။ ည ရောက် နောက်မနက်မှာအစည်းအဝေး စတက်ရတော့ တာပါပဲ။ အခု လောလောဆယ်က  အစည်းအဝေး ကြောင်းကို အဓိကပြောချင်တာမဟုတ်ပါဘူး။ အတွေ့ အကြုံလေးတစ်ခုကို အဓိကပြောချင်တာပေ့ါ။ အရင် ကလဲ နိုင်ငံခြားကို အမျိုးစုံသော အကြောင်းတရားတွေနဲ့ သွားခဲ့ဖူးတယ်။ မြန်မာကို ဘယ်သူမှ ဂရုမပြုကြပါဘူး။ ဂရုမစိုက်ကြပါဘူး။ သာမန်ပါပဲ...ဒီတစ်ခေါက်လာရ တာမှာတော့ သူတို့ဂရုပြု  ပြောဆိုမေးမြန်းတာက ဗိုလ်ဇော်တစ်ယောက်စိတ်ညစ်ရတဲ့အထိအောင်ပါပဲ။ အရင် အစည်းအဝေးတွေဆို ညနေ ၆ နာရီနောက် ပိုင်း အေးအေးဆေးဆေးပါပဲ။ ရောက်တုန်းရောက်ခိုက် လည်ပတ်လေ့လာကြည့်ရှုမှုတွေ အများကြီးလုပ်တယ်။ ညအိပ်ချိန်လျှော့  မနက်စောစောတောင် ထလမ်း လျှောက်လိုက်သေးတယ်။အခုတော့မြန်မာတစ်ယောက်တည်းလာပါတယ်ဆို ကာမှ ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဟိုအပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း၊ ဒီအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊  ဟိုကုန် သည်၊ ဒီကုန်သည် လာဆွေးနွေးတာတွေကများသလို လာနှုတ်ဆက်ကြ မိတ်ဖွဲ့ကြတာတွေက အများကြီး ဖြစ်ပြီး အချိန်တောင်မအားဘူး ဖြစ်ခဲ့ရပါတယ်။ ထမင်းစားရင်ေ တာင် စားရင်း အနားကပ် မေး၊ ကပ်ပြောနေကြသေးတယ်။ အခုတော့ မြန်မာကို ကမ္ဘာက အာရုံစိုက်ေ နကြပြီ နေရာပေးနေကြပြီ။ အရေးပါလာပြီဆိုတာ ကိုယ်တွေ့လေးတွေ့လိုက်ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ကောင်းမွန်သောကျင့်စဉ်နဲ့ ပြောင်းလဲနေတဲ့ အကြောင်းတရားေ တွကြောင့် ပေ့ါ။အော်ဒီလိုဆိုတော့လဲ ဟိုးအရင်ကတည်းက မြန်မာရယ်လို့ လက်မထောင်ဂုဏ်ယူခဲ့တဲ့ ဗိုလ်ဇော်တစ်ယောက် အခုတော့ ပိုလို့တောင်  ဂုဏ်ယူဝင့် ကြွားခဲ့ရပါတယ်။ (မြန်မာကိုနှိမ့်ချတာ Online  ပေါ်က တချို့သော မနာလိုတဲ့ မြန်မာတွေပဲ ရှိတယ်ထင်ပါတယ်)အစည်းအဝေးအတွက်အသေးစိတ်ကြိုတင်ပြင်ဆင် လာပေမယ့် လာရောက်တွေ့ဆုံ မေးမြန်းဆွေးနွေးကြတာ က အကြောင်းစုံ၊ နေရာစုံ ပို့ကုန်၊ သွင်းကုန် အို...အမျိုး ကို စုံနေတာပဲ။ သူတို့မေးသမျှ ဆွေးနွေးသမျှကို ကိန်း ဂဏန်း  အချက်အလက်တွေနဲ့ သေသေချာချာ ကျေနပ် အောင် ပြောပြရှင်းပြနိုင်ခဲ့တယ်။ အာဆီယံနဲ့ပတ်သက် တာတွေလဲ အလွတ်မရတော့ တချို့ကြည့်ဖတ် ပြောနိုင်ခဲ့ တယ်။ ဘာကြောင့်လဲသိလား၊ ဘယ်လိုကိန်းဂဏန်းတွေရ၊ အချက် အလက်တွေရလဲသိလား။ အပြန်ပြန် အလှန်လှန် ဖတ်ထားဖူးတဲ့ Commerce Journal  ကြောင့်ပေါ့။ အင် တာနက်http://www.commercejournal.com.mm/administrator/index.php?option=com_con...ကနေ  သူ့ဝက်ဘ်ဆိုက်ကို ဖွင့်ထားပြီး အချက် အလက်လေးတွေရယူကာ လာတွေ့သမျှ နိုင်ငံခြားသား ကို အကောင်းဆုံးအဖြေပေးနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့ တွေကျေနပ်လို့ မြန်မာပြည်ကို လာရောက်လည်ပတ်တာ။ ကုန်သွယ်မှုပြုတာ။ ရင်းနှီးမြှုပ်နှံတာတွေလုပ်ရင် နိုင်ငံ အတွက် အကျိုးရှိပြီပေ့ါ။ ပြည်သူအတွက်အကျိုးရှိပြီပေ့ါ။ အလုပ်အကိုင်အခွင့်အလမ်းတွေပိုများလာမှာပေ့ါ။ အတွေ့ အကြုံ နည်းပညာမျိုးစုံရမှာပေ့ါ။ သူတို့တွေကိုလဲ မြန်မာ လူမျိုးတစ်ယောက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တာကို အသေးစိတ် ပြောပြနိုင်တယ်ဆိုတော့ ပိုအဆင်ပြေတာ ပေ့ါ။ သူတို့တွေကလဲ မြန်မာကိုဝိုင်းကူဖို့ စဉ်းစားနေကြ တာလေ။ ဒါကြောင့် ပြည်ပရောက်နေတဲ့  အချိန်မှာ အထောက်အကူပြုခဲ့တဲ့  Commerce Journal  လေးကို ကျေးဇူးတင်မိတယ်။ အားလဲကိုးမိတယ်။ International Trade Centre ကိုလဲ ဒီအကြောင်းလေး သေချာပြောပြ လိုက်တယ်။ အဲဒါကြောင့်မို့လဲ ကျေးဇူးတင်လိုက်တာ "Commerce Journal " ရယ်လို့...။(တကယ်ကိုယ်တွေ့ပေါ် အခြေခံရေးထားတာ ဖြစ်ပါကြောင်း)