Main menu

Background

စားသုံးသူများအတွက် အရည်အသွေးအဆင့်မမီသော ကုန်ပစ္စည်းများအကြောင်း ဆန်းစစ်ခြင်း

Wed, 10/24/2012 - 05:26 -- Anonymous (not verified)

လွန်ခဲ့သော တစ်လကျော်ခန့်က စားသုံးသူကာကွယ်ရေးနှင့် ဆိုင်သောဆောင်းပါးတစ်ပုဒ် ကျွန်တော် Commerce Journal   မှာ ရေးသားခဲ့ပါတယ်။ ဆောင်းပါးမှာ စားသုံးသူများရဲ့ ရွေးချယ်ပိုင်ခွင့်၊ အမှတ်မထင်  ကြုံတွေ့ရတတ်တဲ့ အန္တရာယ်ရှိ ကုန်ပစ္စည်းများ အကြောင်းနဲ့ ထုတ်လုပ်သူများရဲ့ အနေအထားများအား စာဖတ်သူ ပရိတ်သတ်နဲ့ မိတ်ဆက်သဘောဖြင့် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ ဆောင်းပါးမှာ စားသုံးသူများအတွက် အကြံပြုချက်ခြောက်ခု အားတင်ပြခဲ့ပါတယ်။ အကြံပြုချက်များထဲမှ ပထမအချက်ဖြစ်တဲ့ အရည်အသွေးမမီတဲ့ ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းမပြု ကြရန် မေတ္တာရပ်ခံခြင်းအကြောင်းကို ယခုဆက်ဆွေးနွေးလိုပါတယ်။ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ  ကုန်ပစ္စည်းတစ်ခု အရည်အသွေး စံချိန်မီ မမီကို ဘယ်လိုသိရမလဲလို့ ကျွန်တော့်ကို မေးခွန်းမေးခဲ့ဖူးပါတယ်။ မေးထိုက်သောမေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီမေးခွန်ကို အလွယ်ကူ ဆုံးဖြင့် ဖြေဆိုခဲ့ပါတယ်။ စားသောက်ကုန် ပစ္စည်းများဖြစ်ပါက အရောင်၊ အနံ့၊ အရသာနဲ့ မူလဖြစ်အင်အခြေ အနေမှ သွေဖည်သွားခြင်းရှိမရှိတို့ကို မျက်မြင်စစ်ဆေးခြင်းနဲ့ ဓာတ်ခွဲ ခြင်းအရည်အသွေး စစ်ဆေးနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ အလားတူ လူသုံးကုန်ပစ္စည်းများကိုလည်း မျက်မြင်အခြေအနေနဲ့ စစ်ဆေးခြင်း၊ နိုင်ငံတကာ မှသတ်မှတ်ထားတဲ့ စံတန်ဖိုး ကိန်းဂဏန်းများ အသုံးပြု တိုင်းတာစစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးခြင်းဖြင့် စံချိန်စံညွှန်း မီ မမီသိရှိနိုင်ကြောင်း ရှင်းပြခဲ့ရပါတယ်။

အသိမိတ်ဆွေတစ်ဦးမှ စားစရာများအန္တရာယ်ရှိမရှိကို အိမ် မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးနဲ့ စမ်းသပ်စစ်ဆေးသော နည်းရှိကြောင်း ပြောပြခဲ့ဖူးပါတယ်။ ဒီစနစ်မှာ စိတ်ချရသော နည်းမဟုတ်သော် လည်း မှန်သင့်သလောက် မှန်ကန်မှုရှိတာတွေ့ရှိရပါတယ်။ အထူးသဖြင့် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သောမုန့်များ အား ခွေးကို ချကျွေး သောအခါ နမ်းကြည့်ပြီးမစားဘဲ ပြည်တွင်းထုတ်မုန့်ကို ချကျွေး သောအခါ ခွေးမှချက်ချင်း စားပြီး နောက်ထပ်ကျွေးမဲ့မုန့်ကို စောင့် မျှော်လျက်ရှိတာတွေ့ရပါတယ်။ တိရစ္ဆာန်အတော်များများဟာ ၎င်းတို့အတွက် အသက်အန္တရာယ်ရှိတဲ့ အစားအသောက်နဲ့ အခြေအနေ ကို လူတို့ထက်ပိုမိုသိရှိတက်ကြပါတယ်။ သဘာဝကပေးတဲ့ အသိ ပညာတစ်ခုဖြစ်ပါတယ်။ နောက် တစ်ဖက်နိုင်ငံမှထုတ်လုပ်တဲ့မုန့် ကို မြေကြီးပေါ်ကျ ပါကလည်း ပုရွက်ဆိတ်ကပင် အဝေးမှ ငေးကြည့်ပြီး ကျော်တက် သွားကြတာ တွေ့ရှိရ ပါတယ်။ မြန်မာပြည်တွင်းထုတ်မုန့် တစ်မျိုးမျိုးကို မြေကြီးသို့ကျသောအခါ ပုရွက်ဆိတ်များ တပ်စုလိုက်၊ တပ်ခွဲလိုက်၊ တပ်ရင်းအလိုက်ချီတက်လာပြီး ကုန်းတစ်တန် ရေတစ် တန် မရပ်မနား သယ်ဆောင်သွားကြ တာတွေ့ရှိရပါတယ်။ ဤကဲ့သို့ သော တိရစ္ဆာန်များဖြင့် အစားအသောက်များတွင် အန္တရာယ်ရှိနိုင် ခြင်း၊ မရှိနိုင်ခြင်းများ ဆင်ခြင်စဉ်းစား၍ စားသောက်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ဆီကိုအစားဆုံး လူမျိုးတွင် ပါဝင်မယ်လို့ ထင်ပါတယ်။ ဟင်းချက်ရာမှာ မပါမဖြစ်သော အရာ ဖြစ်ပါတယ်။ ထမင်းကို ဆီဆမ်းစားခြင်း၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ ငါးခြောက်ကင်၊ ငါးပိဖုတ်များတွင် ထည့်သွင်းခြင်း၊ မုန့်များ၊ အကြော် အလှော်များတွင်အသုံးပြုကြပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တောင် ကျေးဘဝကတည်းက စားလာကြတဲ့ ဆီကြောင့်  ရောဂါဖြစ်တယ် လို့ ပြောသံမကြားရပါ။ ကျွန်တော်တို့  လူမှန်း သူမှန်း သိလာတဲ့ အချိန်မှာတော့ စားဆီကြောင့်ရောဂါပေါင်းစုံဖြစ်တယ်လို့ ကြားလာရ ပါတယ်။ နောက်ပိုင်းပြည်ပမှ စားအုန်းဆီ၊ သံလွင်ဆီ၊ မုန်ညင်းဆီ၊ အခြားသစ်သီးသစ်ရွက်ဆီအစရှိသဖြင့် ဆီပေါင်းစုံဝင်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၂၊ အမှတ် ၂၈ စာမျက်နှာ (၁) မှာ" လူသေဆီ အလိုမရှိ"  ခေါင်းစဉ်ပါသတင်းဖတ်ရတဲ့အခါ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ သတင်းအရ တစ်ဖက်အိမ်နီးချင်းနိုင်ငံကြီးတစ်ခုက လူသေမီးသြင်္ဂိုဟ် ပြီးထွက်လာသော အဆီနဲ့ စားကြွင်းစားကျန်စွန့်ပစ်ရာမှ စီးဆင်းလာ သောမြောင်းဆီများရောကာ အနံ့အရသာကောင်းအောင် ပြု လုပ် ကြောင်း၊ ၎င်း ဆီများကို အိမ်နီးချင်းနိုင်ငံငယ်များသို့ တင်ပို့ရောင်း ချလျက်ရှိကြောင်းများ ဖတ်ရှုလိုက်ရပါတယ်။ အမှန်တကယ် မဟုတ် ပါစေနဲ့ဟု ဆုတောင်းမိပါတယ်။ တစ်ခါတစ်ရံပုံကြီးချဲ့ပြီး စကားများ ကားထွက်တတ်ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသော ဆီ များအကြောင်းကိုလေ့လာတဲ့အခါ အဓိကအားဖြင့် သုံးမျိုးသုံးစား ဝင်ရောက်လာကြောင်း သိရှိရပါတယ်။  ပထမအမျိုးအစားမှာ "Arawana"ဟု  အင်္ဂလိပ် စာတန်းပါမြောင်းဆီဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားတစ်ခုမှာ"Wonder Farm"  (ရှောက်မန်းယန်းဟု လူသိများ) ဖြစ်ပြီး နောက်တစ်မျိုးမှာ " Jinle" - the promotion of Chinese food culture pure taste better when the world oil  ဟုရေးထားပါတယ်။ သို့ရာတွင် ပြည်တွင်းဈေးကွက်များသို့ မရောက်မီ ထုပ်ပိုးခွံများ၊ မူလဘူးပုလင်းများ၊ သံပုံးများဖြင့် သယ်ယူမှု မရှိတော့ကြောင်း သိရှိရပါတယ်။ မျက်မြင်အနေနဲ့ခွဲခြားရန်  ခက်ခဲ သော်လည်း ၎င်း ဆီများအသုံးပြု၍ ချက်ပြုတ်သောအခါ အရသာမှာ ကွာခြားမှုရှိပြီး ကြက်သွန်နီနဲ့ ကြက်ဥကြော်များတွင် ပိုမိုသိသာမှု ရှိပါတယ်။ကျွန်တော်တို့ချက်ပြုတ်သော ဟင်းလျာများမှာ မပါမဖြစ် အချိုမှုန့်ဟာ ယနေ့တိုင်  အသုံးပြုမှုများပြားနေဆဲ ဖြစ်ပါတယ်။ ရှေးတုန်းက အာဂျီနိုမိုတိုသည် ဟင်းကိုအရသာပေးရုံတင်မကဘဲ လူ့ အတွက် အဟာရဓာတ်များ ရရှိစေခဲ့ပါတယ်။ ဒီအတွက်ကြောင့် လည်း " You are sure --- it is pure --- Ajinomoto " ဟု လူသိများခဲ့ပါတယ်။ အာဂျီနိုမိုတိုကို ဂျပန်လူမျိုးပါမောက္ခ "ကီကုနအဲ အီကဲဒါ"က ၁၉၀၈ ခုနှစ်တွင်တွေ့ရှိခဲ့ကြောင်း၊ ၎င်း ပညာရှင်သည် ပီလောပီနံ၊ ရေညှိ (Seaweed)၊ ဂျုံ၊ ကြံရိုး အစရှိတဲ့သဘာဝပစ္စည်း များမ Glutamate  လို့ခေါ်တဲ့ဓာတ်ကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး၊ ၎င်း ကို ဆိုဒီယမ်ဆားနဲ့ပေါင်းခံလိုက်တဲ့အခါ အရသာရှိတဲ့ Mono-sodium glutamate (MSG)  ကို ရရှိတာဖြစ်ပါတယ်။ ယင်း MSG ရဲ့ Trade Mark  ကို ကမ္ဘာကျော်အာဂျီနိုမိုတိုအချိုမှုန့်ဟု လူသိများလာတာ လို့မှတ်သားဖူးပါတယ်။ ယခုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံ တစ်ခုကလာ တဲ့ အချိုမှုန့်များမှာ အာဂျီနိုမိုတိုတံဆိပ်၊ ဇွန်းတံဆိပ်နဲ့အိုးတံဆိပ် စသည်ဖြင့် တွေ့ရှိရပြီး မူလအခြေခံပစ္စည်းများ မပါဝင်တော့ဘဲ ဓာတု ဗေဒပစ္စည်းများနဲ့သာ ထုတ်လုပ်ထားတဲ့အတွက် အာနိသင်နဲ့ အရသာမှာ ယခင်ဂျပန်နိုင်ငံထုတ် အာဂျီနိုမိုတိုကဲ့သို့ မဟုတ်တော့ ကြောင်းသိရှိရပါတယ်။၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ဧရာဝတီ Website  ပါ အချိုမှုန့်အကြောင်း သိကောင်းစရာဆောင်း ပါးရဲ့အဆိုအရ ဓာတုဗေဒပစ္စည်းများက ထုတ်လုပ်တဲ့အချိုမှုန့်များ ကြောင့် ပြင်ပလက္ခဏာမှာ ချွေးထွက်များခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ ညပိုင်းအိပ်မပျော်ခြင်း၊ ခန္ဓာကိုယ်ညောင်းကိုက်ခြင်းစတဲ့ နောက် ဆက်တွဲပြဿနာများကြုံတွေ့ရလေ့ရှိတယ်လို့ဆိုပါ တယ်။ ထို့အပြင် မူမမှန်သော အချိုမှုန့်စားခြင်းကြောင့် နာဗ့်ကြော  ထုံကျင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်နှာ အကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း စတာတွေဖြစ်တတ် တယ်လို့ဖတ်လိုက်ရပါတယ်။ ဒါကြောင့် အချိုမှုန့်အသုံးပြုမဲ့အစား အခြားအန္တရာယ်ကင်းသော ပစ္စည်းများ အသုံးပြုသင့်တယ်လို့ အကြံ ပေးလိုပါတယ်။ အချိုမှုန့်ရဲ့နေရာမှာ သကြား၊ ကြက်သားမှုန့် စတဲ့ ဓာတုဗေဒပစ္စည်းမပါသော အချိုမှုန့်များကိုသာ အသုံးပြုမည်ဆိုပါက ကျန်းမာရေးအတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ကျွန်တော်တို့စားတဲ့ အစားအသောက်  ပစ္စည်းများထဲမှာ အန္တရာယ်ရှိနိုင်သော တစ်ဖက်နိုင်ငံထုတ် အချိုရည်မျိုးစုံ၊ ဘီယာမျိုးစုံ၊ အရက်မျိုးစုံနဲ့ ဆေးလိပ်မျိုးစုံဟာ မြန်မာပြည်နေရာအနှံ့မှာ ရောက်ရှိ နေပြီဖြစ်ပါတယ်။ ဒီစားသောက်ကုန်များကိုလည်း သေချာစွာ စမ်း သပ်ကြည့်ပြီးမှ စားသောက်သင့်ပါတယ်။ အလားတူ အိမ်သုံးပစ္စည်း များထဲမှာလည်း လျှပ်စစ်ပစ္စည်းကဲ့သို့သော လူကိုအန္တရာယ်ပေး နိုင်သောပစ္စည်းမျိုးကိုအထူး သတိထားရန် လိုအပ်လှပါတယ်။ ဥပမာ- လျှပ်စစ်နန်းကြိုး (၃) မျှင်ရှိရမဲ့နေရာတွင် (၂) မျှင်တည်းရှိခြင်း၊ တစ်မျှင်ရဲ့ အချင်း သုည ဒသမ ၂၉ မီလီမီတာမပြည့်မီခြင်း၊ မီးခ လုတ်များမှာလည်း  ကြေးနီပြားများနေရာမှာ ဒန်သတ္တုပြားများ အသုံးပြုခြင်းမျိုးအား အလွယ်တကူ ကြည့်ရုံဖြင့် သိရှိနိုင်ပါတယ်။ ဆိုလိုသည်မှာ မိမိဝယ်ယူအသုံးပြုမည့်ပစ္စည်းရဲ့ အရည်အသွေးအား မျက်မြင်အနေအထားဖြင့်လည်း ဆန်းစစ်တတ်ရန်၊ စစ်ဆေးတတ်ရန် လိုအပ်ပြီး အလွယ်တကူ ပျက်စီးနိုင်တဲ့ပစ္စည်းဟုတ်မဟုတ်ကို ခွဲခြား နိုင်ပါတယ်။အချုပ်တင်ပြရလျင် ကျွန်တော်တို့စားသုံးသူပြည်သူများဟာ ပြည်တွင်းနဲ့ ပြည်ပမှထုတ်လုပ်ကြသော ကုန်ပစ္စည်းများကို မှန်ကန် စွာရွေးချယ်နိုင်ရေးအကြံပြုလိုပါတယ်။ အထက်ပါ ကုန်ပစ္စည်းများ ဟာနမူနာမျှသာဖြစ်ပြီး ယာဉ်စက်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆေးဝါးများ၊ ဓါတုဗေဒပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများအစရှိသဖြင့်ကုန်ပစ္စည်းများဟာ လူကိုအန္တရာယ် ပေးနိုင်ခြင်းရှိ မရှိ၊ ရှိသင့်ရှိထိုက်သော အချိန်ကာလ တစ်ခုအထိ ပျက်စီးယိုယွင်းမှု ရှိ မရှိများကို စမ်းသပ်စစ်ဆေးပြီးမှသာ ဝယ်ယူ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများဝယ်ယူအသုံးမပြုကြရန်နဲ့ အန္တရာယ်ရှိကုန်ပစ္စည်းများ ရှောင်ကြဉ်နိုင်ကြပါရန် အကြံပြုတိုက်တွန်းအပ်ပါတယ်။