Main menu

Background

အောင်လံဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်

Wed, 10/24/2012 - 05:45 -- Anonymous (not verified)

အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန် ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၅၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန် အဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၂၃၂၂ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါ တယ်။