Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲပြန်လိုက်လာ

Wed, 10/24/2012 - 05:55 -- Anonymous (not verified)

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်အဆွဲပြန်လိုက်လာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး  တစ်ပိဿာကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲကယခင်အပတ်က ရန်ကုန်အဆွဲပါးလို့ ဈေးကျလာပေမယ့် ဒီတစ် ပတ်မှာ အိတ်စပို့အတွက် ရန်ကုန်ဝယ်လက်  ဝယ်အားပြန်လိုက်လာ လို့ အခုလိုဈေးတွေမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ပိုများလာတာလို့ သိရပါတယ်။