နိုဝင်ဘာမှစတင်၍ သမဝါယမ ဒီဂရီကောလိပ် (သန်လျင်)အား တက္ကသိုလ်အဆင့် တိုးမြှင့်မည်

ယခုနှစ်   နိုဝင်ဘာလမှစတင်၍ သန်လျင်သမဝါယမ ဒီဂရီကောလိပ်ကို တက္ကသိုလ်အဖြစ်  တိုးမြှင့်ဖွင့်လှစ်သွား မည်ဟု သိရသည်။ တက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ် ရာတွင် ယခင်ထက် ဘာသာရပ်တစ်ခု ထပ်မံတိုးချဲ့သင်ကြားသွားမည်ဖြစ်ကာ ဘာသာရပ် စုစုပေါင်း ၁၁ ခုကို သင် ကြားပေးသွားမည်ဟု သိရသည်။ ထို့ပြင် သမဝါယမပညာကိုကျယ် ပြန့်စွာ သိရှိစေရန်အတွက် ယခင်နှစ် ပညာသင်နှစ်က ကျောင်းသား၊ကျောင်း သူ ၆၅၀ ဝန်းကျင်ကို  လက်ခံခဲ့ရာမှ ယခုနှစ်တွင် ပိုမိုတိုးချဲ့လက်ခံသွားမည် ဟုလည်း သိရသည်။