Main menu

Background

YTU ဝင်ခွင့်ရသူများအား အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကြေညာပေးသွားမည်

Wed, 10/24/2012 - 06:05 -- Anonymous (not verified)

ရန်ကုန်အဆင့်မြင့် နည်းပညာ တက္ကသိုလ် YTU ဝင်ခွင့်ရသူ စာရင်းကို  အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကြေညာ ပေးသွားမည်ဟု သိရသည်။ဝင်ခွင့်ရသူများအတွက်  အိမ် သို့ စာပို့  အကြောင်းကြားပေး သွားမည်ဖြစ်သလို ကျောင်းတွင် လည်း စာကပ်ပေးထားမည်ဖြစ် ကြောင်း သိရသည်။ ဝင်ခွင့်အမှတ်ကို ယောကျ်ား လေး ၅၀၀၊ မိန်းကလေး ၅၀၄ မှတ်သတ်မှတ်ကြောင်းလည်း သိ ရသည်။

YTU ၏ပညာသင်ကာလကို ခြောက်နှစ် သတ်မှတ်ထားပြီး စာ သင်နှစ် တစ်နှစ်စီတွင် နှစ်နှစ် ဆက်တိုက် ကျရှုံးပါကအပြင်ဖြေ အနေဖြင့် တစ်နှစ်သာ ဖြေဆိုခွင့် ပေးသွားမည်ဖြစ်သည်။စာမေးပွဲ အောင်မှတ်ကို    အမှတ် ၅၀ သတ်မှတ်ပြီး သင်ကြားမှုပိုင်းတွင် လည်း အဆင့်မြင့်စည်းကမ်းများ ကိုလည်း  တင်းကျပ်သွားမည် ဖြစ်ကြောင်း သိရသည်။