အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား လူငယ်များ သစ်သီးသကြား စားသုံးမှုများက အသက်ကြီးလျှင် ရောဂါရရန် ရာခိုင်နှုန်းမြင့်
အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား တွေမှာ သစ်သီးသကြား (Fructose) အများအပြားပါဝင်တဲ့ အချိုရည်တွေကို လွန်လွန်ကဲကဲသောက်သုံးရင် အသက် ကြီးလာပါကဆီးချို၊သွေးချိုနဲ့နှလုံးရောဂါ တွေရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ကဆိုပါတယ်။
သစ်သီးသကြားဆိုတာ သဘာ၀ သကြားတစ်မျိုးဖြစ်ပြီး သစ်သီးတွေနဲ့ အသီးအန္တရာယ် သဘာဝအားဖြင့် ပါဝင် နေတာတွေ့ရပါတယ်။ သစ်သီး သကြားဓာတ် ပြုပြင်ထားတဲ့ အစား အစာတွေ အချိုရည်တွေက နေရရှိ နိုင်ပါတယ်။ သစ်သီးသကြားဓာတ်ကို အများအပြား စားသုံးသူတွေဟာ အင်ဆူလင် ဟော်မုန်းဓာတ်ကို ဆန့် ကျင်တဲ့ သတ္တိရှိတာ တွေ့ရပါတယ်။လူငယ်တွေမှာ အင်ဆူလင် ဟော်မုန်း ဓာတ်ကိုတုံ့ပြန်မှု နည်းစေတဲ့အတွက် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားစေတတ် ပါတယ်။ ဒါ့အပြင်အဆီဓာတ်လွန်ကဲမှု ဖြစ်စေပြီး ဝမ်းဗိုက်မှာ အဆီများလာခု ကာဗိုက်ပူလာစေတယ်လို့ သိရပါတယ်။ဒါ့ကြောင့် မိဘတွေအနေနဲ့ သား သမီးတွေကို ကျွေးမွေးပြုစုရာမှာ ကျန်း မာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ကိုသာကျွေးမွေးသင့်ပြီးသစ်သီးသကြား ပမာဏများစွာ ပါဝင်သောအစားအစာ တွေကို စားသုံးမှုမပြုဖို့ ကြပ်မတ်သင့်ပါ တယ်။
