Main menu

Background

ရိဒ်မြို့နယ်ခွဲမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးစေလိုတဲ့ ရိဒ်ဒေသခံပြည်သူများ

Wed, 10/24/2012 - 07:50 -- Anonymous (not verified)

ရိဒ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မရှိသေးတဲ့အတွက် တီးတိန်ဘဏ်ခွဲကတစ်ဆင့် ငွေပေးငွေယူငွေလွှဲများ လုပ် ဆောင်နေကြရပါတယ်။ ရိဒ် ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးလာလ် ချန်လျန်နာက ရိဒ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ မရှိသေး ကြောင်း၊ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမိုမြန်မြန်ဆန် ဆန် ဆောင်ရွက်နိုင်ရန် ရိဒ်မြို့နယ်မှာ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ဖွင့်လှစ်ပေးနိုင်ပါက ပိုမို အဆင်ပြေမယ်လို့  ယူဆ တယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ် မှု မြှင့်တင်ရေးအစည်းအဝေးမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသ (ရိဒ်) CMK