Main menu

Background

ကုန်သွယ်မှုတိုးတက်လာစေရန် အလားအလာကောင်းများရှိနေတဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း

Wed, 10/24/2012 - 07:55 -- Anonymous (not verified)

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ကုန်သွယ်မှုတိုးတက်လာစေ ရန် အလားအလာကောင်းများရှိတဲ့ စခန်းတစ်ခုဖြစ်ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်လျာထားချက်အပေါ် ၁၄၄ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပထမ ၉ လကာလမှာ ၅၁ ရာခိုင်နှုန်းကျော် ဆောင် ရွက်ထားပြီး ဖြစ်တဲ့အတွက် ကျန် ၆ လ တာ ကာလဆောင်ရွက်မှုများအရ လျာ ထားချက် ပြည့်မီကျော်လွန်မယ်လို့ ခန့်မှန်းတယ်လို့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က အောက်တို ဘာလ ၁၂ ရက်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ၁၀/၂၀၁၂ ကြိမ်မြောက်ကုန်သွယ်မှုမြှင့်တင်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်မှောင်ခို လျော့နည်း ပပျောက်ရေးဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးဇုန် တည်ဆောက်နေတယ်လို့ ကြား သိရပါကြောင်း၊ မိမိတို့ရရှိထားတဲ့ ဈေးကွက်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းဟာ မြန်မာ-တရုတ် နယ်စပ်ရှိစခန်းများအနက် တရုတ်နိုင်ငံ ကူမင်းသို့ လည်းကောင်း၊ မြန်မာ ပြည် တွင်းသို့လည်းကောင်း၊ ခရီးလမ်းကြောင်း အတိုဆုံးနဲ့သွားလာနိုင်တဲ့စခန်း တစ်ခု ဖြစ်ကြောင်း၊ မိမိဘက်မှာ ဈေးကွက်ရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ရာ အစဉ် အလာ ကောင်းများပျောက်ဆုံး မသွားစေရေး အရှိန်အဟုန်နဲ့ ဝိုင်းဝန်းလုပ်ဆောင် သွား ကြဖို့ လိုအပ်ကြောင်းနဲ့ ကုန်သွယ်မှုအချက်အချာကျတဲ့ စခန်းတစ်ခုဖြစ်လာ နိုင်တဲ့အတွက် ကုန်သည်ကြီးများအသင်းနဲ့ ကုန်သည် လုပ်ငန်းရှင်များအနေနဲ့ ရရှိလာမဲ့ အခွင့်အရေးကို လက်ဦးမှုရယူပြီး ကုန်သွယ်မှု အရှိန်အဟုန်မြှင့် ဆောင် ရွက်ကြဖို့ တိုက်တွန်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုအချိန်ဟာ ပြောင်းရာသီဖြစ်တဲ့အတွက် ပြောင်းဖူးစေ့များ အဓိကထား တင်ပို့ရန်လိုအပ်ကြောင်း၊ ပြောင်းဈေး၊ ဆန်ဈေးမူဆယ်နဲ့မယှဉ်နိုင်တာကို သိရှိ ကြောင်း၊ ကုန်သွယ်မှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးများကို ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊ ပုံမှန်အပို့ရှိတဲ့ကဏန်းနဲ့ငါးရှဉ့်များ လျာ ထားချက်ပြည့်မီအောင် တင်ပို့ နိုင်ရေးဆောင်ရွက်ကြရန် နဲ့ ပျောက်ဆုံးအမယ်များ နဲ့ ရွှေဖရုံသီး၊ ဖရဲသီး၊ သခွားမွှေးပြန်လည်တင်ပို့ကြရန် တိုက်တွန်းပြောကြားခဲ့ တယ်လို့ သိရပါတယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၁၂ ခုနှစ် ဧပြီလမှ စက် တင်ဘာလထိ ဘဏ္ဍာနှစ် ပထမ (၉) လကာလမှာ ပို့ကုန်ကန်ဒေါ်လာ ၆၈ သန်းကျော်၊ သွင်းကုန်ကန်ဒေါ်လာ ၂ သန်းကျော်ကုန်သွယ်မှုပမာဏ ကန်ဒေါ် လာသန်း ၇၀ ကျော်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် ၄၆ သန်းကျော်၊ သွင်းကုန် ၃ သန်းကျော်၊ ကုန်သွယ်မှု ပမာဏကန်ဒေါ်လာ ၄၈ သန်းကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလ အများဆုံး ပို့ကုန်များမှာ ငါးရှဉ့်၊ ကဏန်း၊ ဖရဲသီး၊ သခွားမွှေး၊ ချင်း၊ ဝဥခြောက်၊ ဆန်၊ ရော်ဘာ၊ ပြောင်းဖူးစေ့၊ ချိတ်၊ မျှစ်ခြောက်၊  အုံတုံခေါက်၊ ဒရင်ကောက်မြစ်၊ မုံလေဥ၊သကြားနဲ့ဆံပင်တို့ဖြစ်ပြီး အများဆုံးသွင်းကုန်များမှာ အချိုမှုန့်၊ ဘိလပ်မြေ နဲ့ ဓာတ်ဆီတို့ ဖြစ်ကြပါတယ်။ Source:နကသ(ချင်းရွှေဟော်)MIRT (DOBT)