Main menu

Background

မြန်မာ-တရုတ် ချစ်ကြည်ရေး တိရစ္ဆာန်များ အပြန်အလှန် လဲလှယ်

Wed, 10/24/2012 - 07:56 -- Anonymous (not verified)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား ချစ်ကြည်ရေးစာချုပ်အရ တရုတ်နိုင်ငံမှ ပင်လယ်ဖျံ နှစ်စုံအား ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ပေးပို့ခဲ့ပြီး မြန်မာဘက်မှ ဆင်မဲ တစ်စုံ ပြန်လည် ပို့ဆောင် ပေးခဲ့ပါတယ်။ မြန်မာက ပြန်လည်ပေးအပ်တဲ့ ဆင်မဲ တစ်စုံမှာ အထီးက(၈)နှစ် သား၊ အမ က (၇) နှစ်သမီးလေးဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဆင်မဲ တစ်စုံကို ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းမအတိုင်း သယ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့ ၁ရး၀၀ နာရီမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို သစ်တော ဦးစီးဌာန၊ လားရှိုးက ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး ဦးဆောင်တဲ့ အဖွဲ့ ရောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ရှန်ဟဲသဘာဝတောရိုင်း တိရစ္ဆာန် ဥယျာဉ်ကို ဆက်လက်သယ်ဆောင်သွားမှာဖြစ်ပြီး ဥယျာဉ် ညွှန်ကြား ရေးမှူး Mr. Fei Zhenxuan  က အောက်တိုဘာ ၁၃ ရက်နေ့ ညနေ (၆) နာရီအချိန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကုန်စည်ပြပွဲကျင်းပတဲ့ဝင်းမှာ လာရောက်လက်ခံ သယ်ဆောင်သွားကြောင်းနဲ့ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး၊ ဆင်များထိန်းသိမ်း စောင့် ရှောက်ရန် တရုတ်နိုင်ငံသို့ လိုက်ပါသွားတယ်လို့ သိရှိရပါတယ်။                   သောင်းနိုင် (မူဆယ်)