Main menu

Background

လားရှိုး၊ သီပေါ၊ ကျောက်မဲ တစ်ဝိုက် ရှမ်းပြောင်းများ အဝင်များနေ

Wed, 10/24/2012 - 07:57 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၃၃၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှု ထက် ၃၄၂၂ တန်ခန့်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာလားရှိုး၊ သီပေါ၊ ကျောက်မဲ တစ်ဝိုက်ရှမ်းပြောင်းများအဝင်များနေတာဖြစ်ပါတယ်။ ပြောင်း အဝင် များတဲ့အတွက် ယခုအပတ်ပြောင်း ဈေးများကတော့ သိသိသာသာကျနေတယ်လို့ သိရပါတယ်။ ရွှေလီမှာရိုးရိုးပြောင်း ၃၀ ပိဿာဝင် ၁ အိတ်ကို ၉၇ ယွမ်ဈေးရပြီး အစိုဓာတ်များတဲ့အတွက်နေမလှန်းဘဲ ထင်းမီးနဲ့အပူပေးထားတဲ့ လှော်ပြောင်း တစ်အိတ်ကို ၉၅ ယွမ်ဝန်းကျင်ဈေးပဲ ပေးတယ်လို့သိရပါတယ်။ မိမိဘက်နဲ့တစ် ဘက် နိုင်ငံ မြေပြင်ပြောင်းဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -

မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု        ယခင်     ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    % ၂၆၆၀၀၀    ၂၈၇၉၉၇    ၂၁၉၉၇          ၈    ၃၁၆    ၃၄၅           ၂၉         ၈MIRT(DOBT)