Main menu

Background

ပင်လယ်ရေကြောင်းမှ ယခုအပတ် တရုတ်သို့ ရော်ဘာအများဆုံး တင်ပို့တာ တွေ့ရ

Wed, 10/24/2012 - 07:59 -- Anonymous (not verified)

အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ တရုတ်သို့ ရော်ဘာ တန် ၄၀၀၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၃၂ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၅၂၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ပမာဏအများဆုံးဖြစ်ပါတယ်။ မလေးရှားသို့ တန် ၁၀၀ နဲ့ အိန္ဒိယသို့ တန် ၂၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆင့်လိုက်ရော်ဘာတင်ပို့မှုများမှာ တရုတ်သို့ RSS-3 တန် ၄၀၀၊ မလေးရှားသို့  RSS-3  တန် ၆၀၊ RSS-5  တန် ၄၀ နဲ့ အိန္ဒိယသို့ တန် ၂၀ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကို စုံစမ်းတဲ့အခါ နိုင်ငံတကာရော်ဘာဈေး မြင့်လာတဲ့ အတွက် ပြည်တွင်းဈေးကိုလည်း အောက်တိုဘာ ၁၅ ရက်ကစပြီး ဒေါ်လာ ၁၀၀ စီတက်ပေး ထား ကြောင်းသိရှိရပါတယ်။ ယခုအပတ် FOB ဈေးမှာ RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ RSS-3 နဲ့  MSR-20တစ်တန်လျှင် ဒေါ်လာ ၂၈၅၀ မှ ၂၉၅၀၊ RSS-5  နဲ့   MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၇၅၀ မှ ၂၈၅၀ နဲ့ Crepe ရော်ဘာတစ်တန်လျှင် ဒေါ်လာ ၂၇၀၀ မှ ၂၈၅၀ စီ အသီးသီးဖြစ်ပါတယ်။                                  CMK