Main menu

Background

ရော်ဘာ ဝယ်ယူသိုလှောင်မှု အစီအစဉ်အတွက် ထိုင်းအစိုးရက ဘတ်ငွေ ၃၀ ဘီလီယံထပ်မံ ခွင့်ပြုလိုက်သည့်အတွက် ရော်ဘာသိုလှောင်ထားမှုပမာဏ မြန်မြန်ဆန်ဆန်မြင့်တက်လာ

Wed, 10/24/2012 - 08:00 -- Anonymous (not verified)

ယခုနှစ်အတွင်း ရော်ဘာဈေးနှုန်းတွေကျဆင်းမှုကို ထိန်း ချုပ်ဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ရော်ဘာ စိုက်ပျိုးထုတ်လုပ် သူတွေဆီမှ ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့နှုန်းနဲ့ ရော်ဘာ ကို ဝယ်ယူ သိုလှောင်လျက်ရှိရာ စက်တင်ဘာလလယ်ပိုင်း စာရင်းအရ တန်ချိန် ၂၀၀၀၀၀ အထိ သိုလှောင်ပြီးစီးပြီလို့ ထိုင်းနိုင်ငံ လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အောက်တိုဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့တယ်။

ရော်ဘာဝယ်ယူသိုလှောင်မှု အစီအစဉ်အတွက် ထိုင်း အစိုးရက ဘတ်ငွေ ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၉၇၆ သန်း) ထပ်မံခွင့်ပြုလိုက်တဲ့အတွက် ရော်ဘာသိုလှောင်ထားမှုပမာဏ မြန်မြန်ဆန်ဆန် မြင့်တက် လာခြင်း ဖြစ်တယ်လို့ သိရတယ်။ အစောပိုင်းကလည်း ဘတ်ငွေ ၁၅ သန်း ခွင့်ပြုပေးထားခဲ့ပြီး ကြောင်း သိရတယ်။ ပြည်တွင်းရော်ဘာစိုက်ပျိုးသူများ ဝင်ငွေပိုမိုရဖို့ရည်ရွယ် ပြီးစီမံကိန်းကို ချမှတ်ခြင်းဖြစ်ရာ ပြည်တွင်း စက်မှု လုပ်ငန်းတွေ အနေနဲ့လည်း ရော်ဘာကိုပိုမိုသုံးစွဲသွားဖို့ တိုက်တွန်းသွား မှာ ဖြစ်ကြောင်း၊ ပြည်တွင်း မှာ ရော်ဘာသုံးစွဲမှု ပိုမိုမြင့်မားလာရေး ရည်ရွယ်ထားကြောင်း၊ ပြည်ပကိုအနည်းငယ် သာ တင်ပို့မှာ ဖြစ်ပြီး ဈေးနှုန်း မြင့်မားလာမှာ ယူဆကြောင်း ဒုတိယဝန်ကြီး က ရိုက်တာ သတင်းဌာနကို ပြောကြား တယ်။ အီးယူဒေသ ကြွေးမြီ အကျပ်အတည်းကြောင့် ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ရော်ဘာ ဝယ်လိုအား ကျဆင်းခြင်းကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံထုတ် မှိုင်းခံ ရော်ဘာ အဆင့် ၃ (RSS – 3) က တစ်တန်ကို ၈၈ - ၉၀ ဘတ်(တစ်တန်ကို၂၈၆၆ - ၂၉၃၂ ဒေါ်လာဝန်းကျင်) အထိ ကျဆင်းခဲ့တယ်။ ၂၀၁၁ ဖေဖော်ဝါရီလအတွင်းက ၎င်းင်း ရော်ဘာဈေးနှုန်းက တစ်ကီလိုကို ၁၈၀ ဘတ် (တစ်တန်ကို ကန်ဒေါ်လာ ၅၈၆၃ ဒေါ်လာ ဝန်းကျင်) အထိ မြင့်မားခဲ့ဖူး တယ်။ ထိုင်းနိုင်ငံက ရော်ဘာဈေးနှုန်းမြှင့်တင်ဖို့ ကမ္ဘာ့ရော်ဘာ တင်ပို့မှုမှာ ထိပ်တန်းမှာရှိနေတဲ့ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ တို့နဲ့လည်း ပူးပေါင်းကာ ကမ္ဘာ့ဈေးကွက်ကို ရော်ဘာတင်ပို့မှု လျှော့ချဖို့ ညှိနှိုင်းပြီး အောက်တိုဘာလ ၁ ရက်နေ့မှ စကာ အကောင်အထည်ဖော်နေပြီဖြစ်တယ်။ ဒါကြောင့် အောက်တို ဘာလအတွင်း ရော်ဘာဈေးနှုန်း တွေပြန်လည်ဦးမော့လာရာ ထိုင်းရော်ဘာ RSS – 5 ( မှိုင်းခံရော်ဘာ အဆင့် - ၅) နဲ့ မလေးရှား ရော်ဘာ SMR – 20 ကပဲ တစ်တန်ကို ဒေါ်လာ ၃၀၀၀ အထက် ရောက်ရှိ လာပြီဖြစ်တယ်။ အောက်တိုဘာလ ၁၁ ရက်နေ့ရဲ့ ထိုင်းရော်ဘာRSS – 5 နဲ့ SMR – 20  တို့ ဈေးကွက်ပေါက်ဈေးတွေမှာ တစ်တန်ကို ၃၂၆၄ ဒသမ ၅၀ ဒေါ်လာနဲ့ ၃၀၁၅ ဒသမ ၅၀ ဒေါ်လာစီ အသီးသီးဖြစ်တာကို သုံးသပ်တွေ့ရှိရတယ်။Source:brecorder.com, rubberboard.org.inပပ