Main menu

Background

အောက်တိုဘာလလယ်ပိုင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ပြန်လည်အားနည်းလာ

Wed, 10/24/2012 - 08:01 -- Anonymous (not verified)

အောက်တိုဘာလလယ်ပိုင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေက ပြန်လည်အားနည်းလာတယ်။ အီးယူဒေသ အနေနဲ့ ကြွေးမြီ အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရခြင်းနဲ့ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အမြင့်ဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်မှုတွေရှိနေခြင်းတို့က ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။

ဒါကြောင့် အောက်တိုဘာလ ၉ ရက်နေ့က တစ်တန်ကို ၃၀၃၃ ဒေါ်လာထိ ရောက်ရှိမြင့်မားခဲ့တဲ့ မလေးရှားရော်ဘာ SMR – 20 (Stantard Malaysia Rubber) ကအောက်တိုဘာလ ၁၆ ရက်နေ့မှာ တစ်တန်ကို ၂၉၄၇ ဒသမ ၅၀ ဒေါ်လာ အထိ ၈၅ ဒသမ ၅၀ ဒေါ်လာဈေး ကျလာတယ်။ စက်တင်ဘာလလယ်ပိုင်းအထိ စာရင်းအရ ထိုင်းအစိုးရဆီမှာ ရော်ဘာ သိုလှောင်ထားမှု ပမာဏက တန်ချိန် ၂၀၀ယ ၀၀၀ အထိ ရောက်ရှိနေခြင်း ကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။ အိန္ဒိယမှာလည်း တာယာလုပ်ငန်းရှင်တွေက ဈေးနှုန်းထပ်မံ အကျကို စောင့်ဆိုင်းနေခြင်း၊ လောင်စာဈေးများ မြင့်မားလာရာ ကားအရောင်းနှုန်းကျဆင်းခြင်း၊ GDP တိုးတက်နှုန်း နည်းနေခြင်းတို့က ရော်ဘာဝယ်လိုအားကို ကျဆင်းစေတယ်လို့သိရတယ်။ှSource:thainr.com,ပပ