1st Korea Myanmar Ocean Forum ကျင်းပမည်

မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်နှင့် ကိုရီးယားနိုင်င Korea Maritime Institute (KMI)  တို့ ပူးပေါင်းဆောင်ရွက်မည့်  1st Korea Myanmar Ocean Forum  ကို ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel  တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ  1st Korea Myanmar Ocean Forum   အား ကိုရီးယား နှင့် မြန်မာနိုင်ငံတို့ကြား ရေကြောင်းဘက်ဆိုင်ရာ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်၊ နှစ်နိုင်ငံအကြား ရေကြောင်းဘက်ဆိုင်ရာ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင်မြင်စေသည့် မူဝါဒကွန်ရက် တည်ထောင်ရန်၊ အရှေ့အာရှဒေသတွင်း ကျွမ်းကျင်မှုဆိုင်ရာ မျာ းအပြန်အလှန် ပူးပေါင်း ဖလှယ်နိုင်မှုမြှင့်တင်ရန်နှင့် သုတေသနလုပ်ငန်း များ ဆောင်ရွက်နိုင် ရန်၊ ရေကြောင်းမဟာမိတ်နိုင်ငံများအဖြစ် ရပ်တည်နိုင်ရန်အတွက် ရည်ရွယ် ၍ နှစ်နိုင်ငံရေကြောင်းဘက်ဆိုင်ရာ ပညာရှင်များမှ(1) Fishery and Aquaculture(2) Maritime,Ports,and Logistics.(3) Marine Resources Development  စာတမ်းများ ဖတ် ကြားသွားမည်ဖြစ်၍ အထက်ပါခေါင်းစဉ်ဖြင့် စာတမ်းတင်သွင်းလိုသူများ သည် အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထား၍ Myanm arivarrity @ mmu.gov.mm  သို့ ပေးပို့နိုင်ကြောင်း သိရသည်။