ပညာရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

အာဆီယံ တက္ကသိုလ်များကွန်ရက်    ASEAN University Network (AUN)   အနေဖြင့် အာဆီယံဒေသအတွင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ တက္ကသိုလ်အချင်းချင်း စည်းလုံးညီညွတ်ပြီး တစ်သား တည်းရှိစေရန်၊ ပညာရေးဆိုင်ရာအခန်းကဏ္ဍအလိုက် ပိုမိုမြှင့်တင်နိုင်စေ ရန်နှင့် ၂၀၁၅ ခုနှစ်တွင် ASEAN Community Building  ဖြစ်ပေါ်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် တက္ကသိုလ်များအနေဖြင့် ပြည့်စုံ၍ အကျိုးသက်ရောက်မှုရှိသော အရည်အသွေးအာမခံမှု စနစ်အား ကျွမ်း ကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ပညာရေးဆိုင်ရာ အာမခံချက် အရည်အသွေးမြှင့်တင်ခြင်း၊ ဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၀၁၂  ခုနှစ် နိုဝင်ဘာ ၁၉ ရက်အထိ Chatrium Hotel  တွင်  ကျင်းပပြုလုပ်မည်ဖြစ်သည်။၎င်း အလုပ်ရုံဆွေးနွေးပွဲအရ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အနေဖြင့်   Self Assessment Report for Nautical Science  ကို ရေးသားရမည်ဖြစ်သည်။ ၎င်း ရေးသားပြုစု၍ လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားခြင်းအားဖြင့် မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်၏ Internal Quality Assurance (IQA) System   ပေါ်ထွန်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရရှိစေမည်ဖြစ်သည်။