Main menu

Background

လျှပ်စစ်စွမ်းအင် ဖြည့်ဆည်းပေးမယ့် ပါဝါဂရစ် ဘက်ထရီကြီးများ

Wed, 10/24/2012 - 08:06 -- Anonymous (not verified)

ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်တွေ ဖြစ် တဲ့ နေစွမ်းအင်နဲ့ လေစွမ်းအင်တွေဟာ တစ်ဆက် တည်း အပြည့်အ၀ မရရှိနိုင်တဲ့ပြဿနာ ရှိနေပါ တယ်။ နေရောင်ခြည်ပုံမှန်မရှိရင်၊ လေတိုက်ခတ် နှုန်း အပြည့်အဝမရရှိခဲ့ရင်  လျှပ်စစ်ဓာတ်အား ဆက်တိုက်ထုတ်ယူရရှိဖို့ အခက်အခဲ တွေ့နိုင်ပါ တယ်။ ဒါကြောင့် မာဆာချူးဆက်နည်းပညာတက္က သိုလ(MIT) မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒိုနယ် ဆာဒိုးဝေး (Donald Sadoway)  က တစ်ပေါင်း တစ်စည်းဖြစ်တဲ့  လျှပ်စစ်ဓာတ်အားလိုင်းကြီး အဆင့်၊ ဂရစ်လယ်ဗယ်(grid-level)  အတွင်း လျှပ် စစ်ဓာတ်အား တိုက်ရိုက် ဆက်တိုက်ပေးသွင်းနိုင် တဲ့  ဧရာမဘက်ထရီကြီးတွေ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အဲဒီဘက်ထရီတွေဟာ ကြီး မားရမယ့်အပြင် ဈေးနှုန်းလဲသက်သာဖို့ လိုတယ်လို့ သူကပြောပါတယ်။ သူဟာအဲဒီဘက်ထရီကြီးတွေ ပြုလုပ်ပုံကိုလဲ ညွှန်ပြခဲ့ပါတယ်။ အပူရှိန် ပြင်းထန် စွာနဲ့ ကျိုချက်ထားတဲ့ဆားအစိုင်အခဲတွေနဲ့ အရည် ကျိုထားတဲ့ သတ္တုတွေကိုအသုံးပြုပြီး အဲဒီဘက် ထရီကြီးတွေကို ပြုလုပ်ပြသခဲ့ပါတယ်။ ယခုအခါ စမ်းသပ်တဲ့အဆင့်မှာ  အောင်မြင်ခဲ့တဲ့အတွက် ဂရစ်လယ်ဗယ်အဆင့်အထိ   အသုံးပြုနိုင်အောင် ဆာဒိုးဝေးနဲ့  သူရဲ့တပည့်တွေက ကြိုးပမ်းထုတ် လုပ်နေပါတယ်။  သူက" အဲဒီ ဘက်ထရီကြီးတွေ ထဲမှာ လျှပ်စစ်ဓာတ်အားအမြင့်မားဆုံး ထွက်ရှိ လာအောင် ကြိုးစားနေပါတယ်။ ဒါ့အပြင်အသုံးပြု သူတွေအတွက် အကျိုးရှိဆုံးဖြစ်အောင်လဲရည်မှန်း ထုတ်လုပ်နေတယ်" လို့ ပြောပါတယ်။

မာဆာချူးဆက်  နည်းပညာတက္ကသိုလ်မှာ ပါမောက္ခ ဒိုနယ်ဆာဒိုးဝေးရဲ့ သတ္တုအရည်ဘာသာ ရပ်ဆိုင်ရာ စာသင်ခန်းကို တက်ရောက်သင်ကြား နေတဲ့ကျောင်းသားဦးရေဟာအဲဒီကျောင်းရဲ့သမိုင်း မှာ အများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ သူဟာ ရုပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာဌာနရဲ့ အဖွဲ့ဝင်တစ်ဦး လဲဖြစ်ပါတယ်။ သူ့ကိုဘက်ထရီပညာနဲ့ ပတ်သက် တဲ့ ကျွမ်းကျင်သူတစ်ဦးလို့ သတ်မှတ်ထားကြပါ တယ်။ ဘက်ထရီတွေနဲ့သက်ဆိုင်တဲ့ ဘယ်လိုကြာ ရှည်စွာအသုံးပြုနိုင်အောင်နဲ့ စွမ်းဆောင်ရည်မြင့် မားသထက် မြင့်မားလာအောင် သုတေသနလုပ် ငန်း အများအပြား  ဆောင်ရွက်ရာမှာ ထင်ရှားခဲ့ ပါတယ်။ပါမောက္ခ ဆာဒိုဝေးအနေနဲ့ မိမိရဲ့ သုတေ သနလုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအမြင်နဲ့ ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ သန့်စင်တဲ့ သတ္တုတွေကို အရိုင်းတုံးအခြေအနေက နေ ထုတ်ယူပုံနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက် ထရီတွေထုတ်လုပ်ပုံကို အထူးအလေးထား သုတေ သနပြုဆောင်ရွက်ခဲ့ပါတယ်။ သူဟာ သိပ်သည်းတဲ့ ပိုလီမာအီလက်ထရိုလိုက် တစ်မျိုး တီထွင်ထုတ် လုပ်သူတစ်ဦးလဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းကို သူ့ရဲ့ Slimcell   လို့ အမည်ပေးထားတဲ့ ဘက်ထရီတွေ မှာ အသုံးပြုထားပါတယ်။ အဲဒီပစ္စည်းကို အသုံး ပြုရင် လက်ရှိလျှပ်စစ်ကားတွေမှာ အသုံးပြုနေတဲ့ လီသီယမ်အိုင်းရင်း ဘက်ထရီတွေထက် အသုံးပြု နေတဲ့လီသီယမ်အိုင်းရင်း ဘက်ထရီတွေထက် စွမ်း အင်နှစ်ဆ ပိုမိုထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါ တယ်။၂၀၀၆ ခုနှစ် သြဂုတ်လအတွင်း ပါမောက္ခ ဆာဒိုးဝေးခေါင်းဆောင်တဲ့  သိပ္ပံပညာအဖွဲ့ဟာ လျှပ်စစ်ဓာတ်၊ အိုင်းရွန်(iron)  ကို အပူပြင်းပြင်း နဲ့ ကျိုချက်ထားတဲ့ အောက်ဆိုဒ်အီလက်ရိုလိုက်စစ် ကတစ်ဆင့် ထုတ်ယူနိုင်ကြောင်း လက်တွေ့ပြသ ခဲ့ပါတယ်။ ပြန်ပြည့်မြဲ လျှပ်စစ်ဓာတ်အားကနေ ထုတ်လုပ်တဲ့စွမ်းအင်ဖြစ်တဲ့အတွက်  သမားရိုးကျ နည်းလမ်းတွေနဲ့  ထုတ်လုပ်သလို ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း မရှိဘူးလို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် ရောက်တော့ ပါမောက္ခ ဆာဒိုးဝေးဟာ ကုန်ကျစရိတ်သက်သာတဲ့ ဘက် ထရီကြီးတွေကို ဆားတစ်မျိုးကနေ မက္ကနီစီယမ်နဲ့ အင်တီမိုနီတွေကို  ခွဲထုတ်ယူမှုပေါ် အခြေခံပြီး ထုတ်နိုင်ကြောင်း ပြသခဲ့ပါတယ်။ အဲဒီ ဆားမျိုး တွေကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖို့ အမြောက် အမြား သိုလှောင်ထားရှိနိုင်တယ်လို့ သိရပါတယ်။ လက်တွေ့စမ်းသပ်မှုကရရှိတဲ့ အချက်အလက်တွေ အရ ကောင်းမွန်စွာ သိုလှောင်ထိန်းသိမ်းထားရှိ နိုင်ရင် ၆၉ ရာခိုင်နှုန်းအထိ စွမ်းဆောင်နိုင်တဲ့ အရည်အသွေးကို ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ရပါ တယ်။ အဲဒီ တီထွင်ထုတ်လုပ်မှု သုတေသနလုပ် ငန်းကိုတော့ ARPA-E  လုပ်ငန်းက ငွေကြေးရန်ပုံ ငွေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ယခုအခါ ပါမောက္ခ ဆာဒိုးဝေးရဲ့ သုတေ သနလုပ်ငန်းတွေနဲ့ သင်ကြားချက်တွေဟာ  MIT ကျောင်းဝင်းကကျော်ပြီး ပြည်ပစီးပွားရေးလော ကမှာလဲ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ မိုက္ကရို ဆော့ဖ်ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူ ဘီးလ် ဂိတ်(စ်)က " လူတိုင်း ပါမောက္ခ ဆာဒိုးဝေးရဲ့ ဓာတု ဗေဒပညာသင်ကြားပို့ချချက်တွေကို နားထောင် သင့်ပါတယ်။ MIT မှာ သူပြခဲ့တဲ့ ဓာတုဗေဒသင် ခန်းစာတွေဟာ ဘာမှမတွေ့နိုင်လောက်အောင် ကောင်းမွန်လှပါတယ်။ ကျွနု်ပ်အဖို့ မယုံကြည်နိုင် လောက်အောင် အသစ်အဆန်းဖြစ်ခဲ့မိတယ်" လို့ ပြောကြားခဲ့ပါတယ်။ပါမောက္ခ ဆာဒိုးဝေးဟာသူ့ရဲ့ သင်ကြားပို့ ချချက် နိဂုံးပိုင်းကိုရောက်တိုင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး သူ သုတေသန ပြုခဲ့တဲ့  လုပ်ငန်းတွေ၊  ဥပမာ  မော်တော်ယာဉ် တွေက မီးခိုးငွေ့တွေ ထုတ်လုပ်မှုဖြစ်စဉ် အဆင့် ဆင့်၊ ဒါမှမဟုတ် သူစမ်းသပ်တီထွင်နေတဲ့လျှပ်စစ် ပါဝါဂရစ်တွေထဲ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက် ပေးသွင်းနိုင်တဲ့  ဧရာမ  ဘက်ထရီကြီးတွေရဲ့ အကြောင်းတွေကိုပြောကြားရင်း အဆုံးသတ်လေ့ ရှိပါတယ်။ သူရဲ့ ဘက်ထရီတီထွင်မှုလုပ်ငန်းတွေ အတွက် ွှငာန မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာမှာ သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း မှာထည့်သွင်းပြီး ဂုဏ်ပြုဖော်ပြထားတာကို တွေ့ရ ကြောင်းပါခင်ဗျား။    ။    Ref:"Time"