Main menu

Background

မန္တလေး မြေဈေးကွက် အမေရိကန်နဲ့ ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူရန် လေ့လာမှုရှိ

Wed, 10/24/2012 - 08:06 -- Anonymous (not verified)

မန္တလေးမြေဈေးကွက်သို့ မြေဝယ်ယူရန် အမေရိကန်နဲ့ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လေ့လာမှုရှိနေကြောင်း သိရပါတယ်။

မန္တလေးမြို့လယ်ရှိ မြေအကျိုးဆောင် ကိုစွမ်းပြည့်နိုင်က " မြေယာကြည့်တဲ့ သူတွေက အီလက်ထရွန်းနစ်ကုမ္ပဏီနဲ့ ကားကုမ္ပဏီက လာကြည့်တာ။ သူတို့က စက်ရုံအတွက်ဆိုတော့ မြေကျယ်ကျယ်လိုချင်ကြတယ်။ မန္တလေးမြေဈေး အနေ အထားက ဈေးမြင့်နေတော့  အရောင်းအဝယ်ဖြစ်ရုံပဲရှိနေတယ်။ ဒီကမြေဈေးတွေ က နယူးယောက်နဲ့ တိုကျိုကမြေဈေးထက်ကို ဈေးမြင့်နေတယ်။ ဈေးသင့်တဲ့နေရာ ဆိုလို့ စက်မှုနဲ့ ရန်ကုန်-မန္တလေးလမ်းတင်အကွက်တွေ လိုက်ပြထားတယ်။ သူတို့က စက်ရုံတည်မှာဆိုတော့ မြေနေရာကျယ်မှလည်းဖြစ်မှာ။ ပေကျယ်ကျယ်နဲ့ ဈေးအနိမ့် ဆုံး နေရာပဲလိုက်ဝယ်နေတယ်။ မြို့တွင်းပိုင်းက တရုတ်လူမျိုးတွေလိုက်ဝယ်တယ်။ ပြည်တွင်းက တရုတ်တွေဝယ်နေတာ" လို့ ပြောပါတယ်။ လတ်တလော မန္တလေးမြေဈေးကွက်အနေအထားမှာ မြို့ပြကြီးတစ်ခုလုံး သာမက နယ်နိမိတ်အနီးမြေများ ပါ ဈေးမြင့်တက်လျက်ရှိခြင်းကြောင့် အဆောက် အအုံများဖြင့် ပြောင်းလဲဖွံ့ဖြိုးသွားပါ မှ မြေဈေးအနေ အထား ပြောင်းလဲမှာဖြစ် ကြောင်း မြေအကျိုးဆောင်အချို့က သုံးသပ်ကြပါတယ်။ ယခုအရောင်း အဝယ်ဖြစ် နေတဲ့အကွက်များမှာ ဈေးချရောင်းအကွက်များသာ အရောင်းအဝယ်ရှိရာ ယခင် နှစ်ကုန်ပိုင်းက မဟာမြိုင်မြို့သစ်ကြားကွက် ပေ ၄၀ × ပေ ၆၀ တစ်ကွက် သိန်း ကျပ် ၂၂၀၀ တန်အား ကျပ်သိန်း ၁၂၀၀ ဈေးဖြင့် ဈေးချရောင်းမှုရှိကြောင်း သိရ ပါတယ်။                                                  ဇူးဇူး-မန္တလေး