ပြည်တွင်းသု့ိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တံဆိပ်စုံ၊ အမျိုးအစား စုံလင်စွာနဲ့ ဆင်တူယိုးမှား ဝင်လာခြင်းကြောင့် မိမိအသုံးပြုသည့်ပစ္စည်းအား ဈေး နှုန်းမေးမြန်းဝယ်ယူမည့်အစား ပစ္စည်းစမ်းသပ်စစ်ဆေးပြီးမှ ဝယ်ယူသင့်ကြောင်း Aung Pyitan Co.,Ltd ဒါရိုက်တာ ဦးကျော်သူက ပြောပါတယ်။
" ဆောက်လုပ်ရေးလုပ်ငန်းသုံးတွေထဲမှာ အန်ကယ်တို့ ကုမ္ပဏီက Chemical Product တွေ တင်သွင်းရောင်းချပါတယ်။ Sika ဆို Sika Japan, Sika Thailand, Sika Malay, Sika ဆွီဒင်ဆိုပြီး တစ်မျိုးတည်းက ပစ္စည်းစုံလာတယ်။ Sika ဆို နိုင်ငံပေါင်း ၈၀ ကျော်ကိုဖြန့်နေတယ်။ ဒီမှာက ပစ္စည်းသုံးရင်ဈေးကြည့် တယ်။ ဈေးကွက်က တရုတ်ပစ္စည်းလည်းရှိတယ်။ အဆောက်အအုံဖျက်တဲ့ ပစ္စည်း လဲရှိတယ်။ တော်တော်များများက ကုမ္ပဏီမှာ အက်ကြောင်းထည့် ပစ္စည်းလာမေး တာရှိတယ်။ အက်ကြောင်းကို Chemical ဆေးထည့်ပြီးဖျက်တာရှိပေမယ့် ရောင်း ခွင့်မရှိဘူး။ ပြဖို့ထားတာ အသုံးတည့်မှ ရောင်းဖို့ပါ။ အဓိက ကသုံးစွဲသူတွေ အသိ ရှိဖို့လိုတယ်။ ကျွန်တော်တို့ ကုမ္ပဏီဆို စမ်းသပ်ပြီး Certificate ရပြီးမှသွင်းလာတာ။ သူများဆီမှာက ဆေးသုံးမယ်ဆို Certificate ရှိသလား၊ ဘယ် Project မှာ သုံးပြီးပြီလဲ။ ဘယ်ပစ္စည်းတွေ သုံးပြီးပြီလဲဆိုတာ စမ်းသပ်ပြီးမှ ဈေးပေးဝယ်တယ်။ ဒီမှာက ကိုယ့်ငွေလည်း ပေးရသေးတယ်။ ပစ္စည်းသုံးပြီးမှ ကောင်း၊ မကောင်းကြည့် ပြီး Test လုပ်သလိုဖြစ်နေတယ်။ ပစ္စည်းအရည်အသွေးကို အရင်မမေးပဲ ဘယ်ဈေး ဆိုတာ အဓိကလိုဖြစ်တယ်။ Consumer က Knowledge Level ရဖို့တော့လိုနေ ပြီ" လို့ ပြောပါတယ်။ဆောက်လုပ်ရေးသုံးပစ္စည်းများအတွက် ပြည်တွင်း၌ Test လုပ်ပေးသည့် အဖွဲ့အစည်းများ ပေါ်ပေါက်ဖို့လိုအပ်ပြီး သုံးစွဲသူများဘက်မှလည်း မိမိသုံးမယ့် ပစ္စည်းအားစမ်းသပ်ပြီး လက်ခံဖို့လိုအပ်ပြီဖြစ်ကြောင်း၊ နောက်ပိုင်း တွင် ထပ်မံဝင် လာဖို့ ပြင်ဆင်နေတဲ့ ဆေးပစ္စည်းများ ဆင်တူယိုးမှားဝင်ရောက်လာနိုင်ပြီး၊ မိမိအသုံး ပြုမယ့်ပစ္စည်း စမ်းသပ်ပြီးကြောင်း၊ Certificate လိုအပ်ပြီဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး