Main menu

Background

မန္တလေးဈေးကွက်မှာ စက်သုံးဆီဆိုင်အချို့ ပိတ်သိမ်းရမှာဖြစ်လို့ ဆီဈေးကျဆင်းလာ

Wed, 10/24/2012 - 08:08 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ  စက်သုံးဆီ အရာင်းဆိုင်အချို့ ပိတ်သိမ်းရမှာဖြစ်လို့ တစ်ပတ်အတွင်း ဆီဈေး ကျဆင်းလာ ကြောင်း သိရပါတယ်။

ပိတ်သိမ်းရမယ့် ဆီဆိုင်များမှာ မြို့ အဝင်အထွက် အောင်ပင်လယ်ဆီဆိုင် တန်းနဲ့    ရွှေကျင်ဆီဆိုင်များသာမက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ် များရှိ စက်သုံးဆီဆိုင်များပါ ပိတ်သိမ်း ရမှာဖြစ်လို့  ဆီအရောင်းအဝယ်အေး သွားခြင်းကြောင့် ဆီဈေးနှုန်းကျဆင်း လာခဲ့ပါတယ်။ဇွဲ စက်သုံးဆီအရောင်းဆိုင်ရှင်က "အရောင်းအဝယ်  ပါးနေတာကြာပြီ။ ဖားကန့်တွင်းလည်း  ပိတ်ထားတယ်။ ခုအထက်ပိုင်းက စက်သုံးဆီဆိုင်တွေပါ ပိတ်ရမယ်ဆိုတော့ ဆီတင်ကာနီးကို မတင်နဲ့တော့၊  ဆိုင်ပိတ်ရတော့မယ်ဆို ပြီး ဖုန်းဝင်လာတာနဲ့ မရောင်းရတော့ ဘူး။ တစ်ရက်ကို ပျမ်းမျှအားဖြင့် ပေပါ အလုံး ၁၀၀ ရောင်းရာကနေ ပေပါ ၅၀ လုံးထိ ရောင်းအားကျသွားတယ်။ ဒီတစ် ပတ်ထဲ ဆီဈေးနှုန်းလည်း ကျဆင်းလာ တယ်" လို့ ပြောပါတယ်။ ယခုတစ်ပတ် စက်သုံးဆီ ပေါက် ဈေးမှာ ဒီဇယ်  တစ်ပေပါကို ကျပ် ၁၈၄၀၀၀၊ ဓာတ်ဆီ (ပန့်ဆီ) ကျပ် ၁၈၅၀၀၀၊ ၉၂ ဓာတ်ဆီ ကျပ် ၁၈၇၀၀၀ ဈေးရှိလို့ လက်လီဈေးနှုန်းမှာ ကျဆင်း ခြင်းမရှိကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး