မန္တလေးမြို့တွင် ကျောက်မျက် ရတနာလုပ်ငန်း လုပ်ကိုင်သူဦးရေ သောင်းဂဏန်းရှိသော်လည်း တရားဝင် လိုင်စင်ဖြင့် ရောင်းဝယ်သူဦးရေ ၉၀၀ ကျော်သာရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်း ဒေသကြီး) မှ တာဝန်ရှိသူတစ်ဦးက "တချို့ကလည်း လိုင်စင်လုပ်ဖို့မသိကြ တာ။ တချို့ကလည်း ဆိုင်သတ်သတ် မှတ်မှတ်မရှိလို့ လိုင်စင်လုပ်ဖို့မသိကြ တာ။ အခုနောက်ပိုင်းမှာ ကျောက်မျက် လိုင်စင်လုပ်ရတာ အရမ်းလွယ်နေပါပြီ။လိုင်စင်ရှိ ထားတော့ ရောင်းဝယ်ရတာ ကြေက်စရာ မလိုတော့ဘူးပေါ့။ နောက် ပိုင်းမှာ နိုင်ငံတကာနဲ့ ကျောက်မျက် ရတနာ အရောင်းအဝယ်လုပ်မယ်ဆိုရင် ဆက်လုပ်လို့လည်း လွယ်တာပေါ့။ လိုင် စင်လုပ်ရင် အသင်းဝင်ပြီးမှ လုပ်လို့ရ တယ်။ အသင်းဝင်ကြေးက များတော့ တစ်ဦးချင်း မဝင်ချင်ရင် ွမသကစ နဲ့ဝင်လို့ လည်းရပါတယ်။ ကျောက်စိမ်းလုပ် ငန်းဆို လက်ကောက်လိုင်းက ၂၀ ဦးစု ပြီး ဝင်လည်းရပါတယ်။ အသင်းဝင် ကြေးငွေတွေက နေပြည်တော်မှာ မဏိ ရတနာ ကျောက်မျက်အဆောက်အအုံ ဖြစ်ဖို့လုပ်ရတာလဲရှိတယ်။ အသင်း အတွက်ဆောင်ရွက်ရတဲ့ ကိစ္စတွေမှာ အသုံးပြုရပါတယ်။ နှစ်ဖက်မျှတွေးမယ် ဆို ပိုပြီးကောင်းလာမှာပါ။ ငွေထုတ် ချေးဖို့ဆိုတာအသင်းဝင်ပြီးမှ ဆက်လက် ဆောင်ရွက်လို့ရမှာပါ။ သူများနိုင်ငံမှာ အသင်းဝင်မဟုတ်လည်း ငွေထုတ် ချေးပေးတယ် ဆိုပြီး ပြောကြပါတယ်။ အသင်းမဝင်ရသေးဘဲ ဘယ်လိုဆောင် ရွက်လို့ရပါ့မလဲ။ အားလုံး စုစုစည်းစည်း နဲ့ အသင်းဝင်ဖို့တော့ လိုအပ်ပါတယ်" လို့ ပြောပါတယ်။ကျောက်မျက်ရတနာ လိုင်စင် ပြုလုပ်ပါက သတ္တုတွင်းဝန်ကြီးဌာနသို့ လိုင်စင်ကြေး ကျပ် ၅၀၀၀၊ အသင်း ဝင်ကြေး ကျပ် ၁၀၀၀၀၀ နဲ့ နှစ်စဉ် ကြေး ၃၅၀၀၀ ကျပ် ပေးဆောင်ရပြီး၊ လိုင်စင် ပြုလုပ်ထားသူများမှာ တစ်ဦး ချင်းသာမက မန္တလေးဈေးချိုတော်ရှိ ရွှေဟင်္သာလုပ်ငန်းမှ ဆိုင်ခန်းအားလုံး ကိုယ်စား Group အလိုက် လိုင်စင်ပြု လုပ်ထားကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး