Main menu

Background

အိန္ဒိယနိုင်ငံမှ အလိုရှိနေသော မြန်မာ့ငါးသလောက်

Wed, 10/24/2012 - 08:13 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှ မြန်မာ့ငါးသလောက်တင်ပို့မှုအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သောင်းလေးထောင်ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်၊ ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ် (စက် တင် ဘာလအထိ) တွင်တန်ချိန်လေးထောင် ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ သန်းကျော် အသီးသီးတင်ပို့ နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဓိကဈေးကွက်နိုင်ငံများကတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ စင်ကာပူ နိုင်ငံတို့ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံကိုတော့ ၂၀၀၉-၂၀၁၀ မှာ တန်ချိန် တစ်ရာ့ခုနစ်ဆယ်ကျော်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ငါးဆယ်ကျော်သာ တင်ပို့ထားတာကို တွေ့ရှိရ ပါတယ်။ ယခုလက်ရှိအချိန်တွင် လည်း မြန်မာ့ငါးသလောက် အဓိကဈေးကွက် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှလည်း ဈေးနှုန်းအား သုံးပုံတစ်ပုံခန့် လျော့နည်းပေးနေသည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း ငါးသလောက် တင်ပို့နေ သည့် လုပ်ငန်းရှင်များ ထံမှ စုံစမ်းသိရှိရပါတယ်။

အဲဒီအချိန်မှာဘဲ မြန်မာ့ငါးသလောက်တင်ပို့နေတဲ့ လုပ်ငန်းရှင်များအတွက် သတင်း ကောင်းလေးကတော့ အိန္ဒိယနိုင်ငံ ကောလ်ကတ္တားမြို့တွင် ၁၂-၉-၂၀၁၂ ရက်နေ့ကထုတ် ဝေခဲ့သည့်  The Times of India   သတင်းစာတွင် ဖော်ပြပါရှိသည့် Get set for a taste of Myanmar hilsa   ခေါင်းစဉ်ပါ သတင်းတွင်အနောက် ဘင်္ဂလားပြည်နယ်တွင် လူကြိုက်များသည့် ငါးသလောက်များတင်သွင်းမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံမှငါးသလောက်များကို အစားထိုး ဝယ်ယူ တင်သွင်းရန် အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မစ္စမာမာတာဘာနာဂျီက အိန္ဒိယ ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရက ခွင့်ပြုကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက စာဖြင့် အကြောင်းပြန်ကြား ခဲ့ကြောင်း၊ အဆိုပါစာတွင် မြန်မာနိုင်ငံမှ ငါးသလောက်များတင်သွင်းလာပါက အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်အရ အခွန်အကောက်များကိုလည်း လျှော့ချပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းထွက် ငါးသလောက်တစ်မျိုး တည်းကိုသာ အားထားနေရပြီး ငါး သလောက်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ရူပီး ၄၀၀ မှ ၄၅၀ အကြားပြောင်းလဲနေကြောင်း ဖော်ပြပါရှိပါတယ်။မြန်မာ့ငါးသလောက်အား ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ တင်ပို့ခဲ့ပြီး ၎င်းမှတစ်ဆင့်သာ ဘင်္ဂလား နိုင်ငံထွက် ငါးသလောက်အဖြစ် အိန္ဒိယနိုင်ငံသို့ တစ်ဆင့်ခံအဖြစ်သာ တင်ပို့လျက်ရှိကြောင်း သိရှိရပါတယ်။ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယနိုင်ငံသို့တင်ပို့ရာတွင် အခက်အခဲများဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင် ခြင်းကိစ္စ၊ ငွေလွဲှကြန့်ကြာသည့် ကိစ္စရပ်များအား ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ Exporter  များ စုပေါင်းနည်းလမ်းရှာဖွေပြီး ဆောင်ရွက်သွားကြမည်ဆို ပါက မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာ့ငါးသလောက် အဖြစ် ဈေးကွက်သစ်ရှာဖွေ တင်ပို့နိုင်မည်ဖြစ်ပြီး တစ်ဆင့်ခံတင်ပို့နေ ရခြင်းများထက် အကျိုးအမြတ်ပိုမိုရရှိစေ မည်ဖြစ်သဖြင့် မြန်မာ့ငါးသလောက်အား အိန္ဒိယနိုင်ငံမှ အလိုရှိနေကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ...။                                                                                                             Exp-mg mg lwin