Main menu

Background

ပုသိမ်မြို့ TPIS ရုံးခန်းမှာ ကော်မှုန့်စွန့်ပစ်ပစ္စည်းများနဲ့ သဘာဝမြေသြဇာပြုလုပ်သော လုပ်ငန်းရှင်တို့တွေ့ဆုံပြီး ဈေးကွက်ကျယ်ပြန့်လာစေရန် ဆွေးနွေးပွဲပြုလုပ်

Wed, 10/24/2012 - 08:12 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS  ရုံးခန်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်မှ တိုင်း TPIS  ဝန်ထမ်းများနဲ့ ကော်မှုန့်စွန့်ပစ်ပစ္စည်းများနဲ့ သဘာ၀ မြေသြဇာထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်တို့တွေ့ဆုံပြီး အရည်အသွေး၊ ထုတ်လုပ် ရောင်းချနိုင်မှု၊ ဈေးကွက်အခြေအနေများနဲ့ ယခုအခါလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နည်း ပညာအကူအညီများရယူပြီး ဈေးကွက်ကျယ်ပြန့်လာစေရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်မြေသြဇာလုပ်ငန်းရှင်က ပီလောပီနံကော်မှုန့်စက်ရုံများမှ စွန့်ပစ်ပစ္စည်းများ၊ ဆန်စက်ဘေး ထွက်၊ ရေလုပ်ငန်း ဘေးထွက်ပစ္စည်းများနဲ့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး စွယ်စုံဓါတ်မြေသြဇာ လုပ်ငန်းကို ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ခဲဘောင်ကျေးရွာမှာ စက်ရုံတည်ဆောက်ကာ ၂၀၀၉ ခုနှစ်မှ စတင်ပြီး နှစ်စဉ်သဘာဝမြေသြဇာများကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းပြောကြားပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်နေသော မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာဈေးကွက် လိုအပ်ချက်ကြီးမားပြီး ပြည်ပနိုင်ငံများမှ မှာယူသုံးစွဲရခြင်း၊ စရိတ်ကြီးမြင့်မှုနဲ့ ပြည်ပဝင်ငွေလျှော့ချ နိုင်ရေးအတွက် ယင်းဓာတ်မြေသြဇာစက်ရုံမှ စက်ကိရိယာများနဲ့ ပြည်တွင်းထုတ် စက်ကိရိယာများ အသုံးပြုပြီး နည်းပညာများကို လေ့လာကာ သဘာဝဓာတ်မြေသြဇာများကို ထုတ်လုပ်ရောင်းချခြင်းဖြစ် ကြောင်း လုပ်ငန်းရှင်က ပြောကြားပါတယ်။ ဓာတ်မြေသြဇာထုတ်လုပ်ရောင်းချမှုမှာ နှစ်စဉ်တိုးတက်မှုရှိပြီး၊ ၂၀၀၉ ခုနှစ်မှာ အိတ်ရေ ၅၀၀၀၊ ၂၀၁၀ ခုနှစ်မှာ အိတ်ရေ ၈၀၀၀၊ ၂၀၁၁ ခုနှစ်မှာ ၁၂၀၀၀ အထိ ထုတ်လုပ်ရောင်းချနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးသာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်အချို့သို့လည်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ စွယ်စုံဓာတ်မြေသြဇာလုပ်ငန်းရှင်မှ ပြောကြားပါတယ်။တိုင်း TPIS တာဝန်ခံကလည်း သဘာဝဓာတ်မြေသြဇာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သော ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံများသို့ သွားရောက်လေ့လာရန်လိုအပ်ကြောင်း၊ မိမိတို့ ဒေသတွင်းမှာ ကုန်ကြမ်းပစ္စည်းပေါများလို့ ၎င်းကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ နည်းပညာအကူအညီ နဲ့ ပြုပြင်မွမ်းမံပြီး ဈေးကွက်ဖြန့်ချိမှု စနစ်ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ရင် ပြည်ပသွင်းကုန် အစား ထိုးလုပ်ငန်းဖြစ်လို့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်ကြောင်း၊ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုအဝန်းအဝိုင်းဖြစ်လာရင် ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့လိုပါကြောင်း၊ တောင်သူများ စရိတ်သက်သာ လာသဖြင့် မိမိတို့လယ်ယာလုပ်ငန်းမှာ တစ်ဧကကုန်ကျစရိတ်များ လျော့နည်းလာပြီး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အထောက်အကူပြုမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်ရဲ့ လိုအပ်ချက်များကိုလည်း နိုင်ငံတော်၊ တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ စီးပွားကူးသန်းနဲ့လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ် ကြောင်း ဆွေးနွေးပြောကြား ပါတယ်။                                     မင်းမင်းဦး-ပုသိမ်