Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Wed, 10/24/2012 - 08:17 -- Anonymous (not verified)

ဘရပ်ဆဲလ် ၂၀၁၄ ခုနှစ်ကစပြီး ယူရိုဇုန် ဘဏ် ၆၀၀၀ လုံးကို ဥရောပဗဟို ဘဏ်(အီးစီဘီ)က ကွပ်ကဲသွားတော့ မှာ ဖြစ်ကြောင်း ပြင်သစ် အစိုးရ သတင်းရပ်ကွက်မှ အောက်တိုဘာ ၁၈ ရက်နေ့က ပြောပါတယ်။ ဘဏ် လုပ်ငန်းသမဂ္ဂနဲ့ဆိုင်တဲ့ သဘောတူ ညီချက် ရရှိရေး အီးယူခေါင်းဆောင် တို့ ကြိုးပမ်းဆောင်ရွက်ရာမှ ဒီရလဒ် ပေါ်ထွက်လာတာဖြစ်ပါတယ်။ Source:AFP

 
မဲလ်ဘုန်း
ကမ္ဘာ့ တရုတ်စီးပွားရေးဖိုရမ်ကို နိုဝင်ဘာလမှာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပမှာ ဖြစ်ပါ တယ်။ ဒီဖိုရမ်ကို သြစတြေးလျနဲ့ တရုတ်နိုင်ငံမှာ နေထိုင်ကြတဲ့ တရုတ် လူမျိုးများ အတွက် မလေးရှားနိုင်ငံ ကို စီးပွားရေး ဗဟိုအချက်အချာ အဖြစ် ဆောင်ရွက် ရေးကိစ္စကို ဆွေး နွေးမှာ ဖြစ်ကြောင်း  Asian Strategy & Leadership Institute  ရဲ့ အမှုဆောင် အရာရှိချုပ် တန်ဆရီ ဒေါက်တာမိုက်ကယ်ယိုးက ပြောပါ တယ်။   Source:bernama.com
စင်ကာပူ စင်ကာပူ ချန်ဂီလေဆိပ်ဟာ စက်တင်ဘာလက   ခရီးသည် လေးသန်းကို စီစဉ်ဆောင်ရွက်ပေး နိုင်တဲ့ အတွက် ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ၁၂ လအခြေခံနဲ့ တွက်ရင် ခရီးသည် ၄၉ ဒသမ ၉ သန်းကို စီစဉ်ဆောင်ရွက်ပေး နိုင်တဲ့ အတွက် ၉ ဒသမ ၇ ရာခိုင်နှုန်း တိုး တက်ခဲ့ကြောင်း Changi Airport Group (Singapore) Ltd  က ပြော ပါတယ်။  Source:bernama.com
ဟိုချီမင်းစီးတီ Phu Nhuan Jewelry Joint Stock co. က   ဗီယက်နမ်နိုင်ငံ ဟိုချီမင်း စီးတီမြို့ရှိ Go vap ခရိုင်မှာ အောက်တိုဘာ ၁၈ ရက်က ဗီယက် နမ် ဒေါင် ၁၀၀ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၇၆ သန်း) ရင်းနှီးမြှုပ်နှံပြီး လက်ဝတ်ရတနာစက်ရုံ တစ်ခုကို အောက်တိုဘာ ၁၈ ရက်က ဖွင့်လှစ် ခဲ့ပါတယ်။ ဒီစက်ရုံမှာ လုပ်သား ၁၀၀၀ ခန့်ထားပြီး တစ်နှစ်ကို ထုတ် ကုန် ၄ သန်းထုတ်လုပ်ပါမယ်။Source:VNS