Main menu

Background

ခြိုးခြံချွေတာမှုကြောင့် ဗြိတိသျှစီးပွားရေး ထိခိုက်နိုင်

Wed, 10/24/2012 - 08:19 -- Anonymous (not verified)

ဗြိတိသျှအစိုးရရဲ့သုံးစွဲမှု လျှော့ပေါ့တာနဲ့ အခွန် တိုးမြှင့်တဲ့ လုပ်ရပ်တွေ ကြောင့်စီးပွားရေးကို ပထမတွက်ဆထားတာထက် ပိုမိုထိခိုက်နိုင်ကြောင်း ဗြိတိသျှ နိုင်ငံအတွင်းရှိ စီးပွားရေး ကြိုတင်ခန့်မှန်းရေးအဖွဲ့ OBR   က အောက်တိုဘာ ၁၆ ရက်ကပြောပါတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Office for Budget Responsibility   အဖွဲ့ရဲ့ေ၀ ဖန်ပြောကြားချက်က အစိုးရရဲ့ ခြိုးခြံချွေ တာရေးကြိုးပမ်းဆောင်ရွက်မှု နဲ့ပတ်သက်ပြီးအပြင်းအထန် အငြင်းအခုံဖြစ်နေတာကို မီးလောင်ရာလေပင့် လုပ်ပေးသလိုဖြစ်နေပြီးဗြိတိန် နိုင်ငံမှာ စီးပွားရေး ဆုတ်ကပ်သစ်ဖြစ်လာမှုအတွက် ပါလီ မန်အတွင်းရှိအတိုက် အခံတို့ရဲ့ ပြစ်တင်ဝေဖန်မှုကို မီးထိုးပေးသလိုဖြစ်စေနိုင်ပါတယ်။  OBR   ကို စီးပွားရေးခန့်မှန်းချက်တွေပေးဖို့ နဲ့ဘဏ္ဍာရေးမူဝါဒတွေ ကို ဝေဖန် အကဲဖြတ်ဖို့ အစိုးရကဖွဲ့စည်းပေးထားတာဖြစ်ပြီးဘဏ္ဍာရေးအကျပ်အ တည်းကစီးပွားရေး ဖွံ့ဖြိုးမှုစွမ်းဆောင်ရည်ကို အကြာကြီးထိခိုက်စေနိုင်ကြောင်း အဖွဲ့ရဲ့နှစ်ပတ်လည် သုံးသပ်ချက် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ စားသုံးသူသုံးစွဲမှုကို ဖိစီးနေတဲ့ငွေကြေးဖေါင်းပွမှုတစ်စစဆိုးဝါးနေတဲ့ ပို့ ကုန်ဈေးကွက်နဲ့ ဆိုးဝါးတဲ့ချေးငွေ အခြေအနေတွေနဲ့အတူ ယူဆိုဧရိယာ၏ စိုးရိမ်မှုနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမရေရာမှုကြောင့် ဖြစ်ရတဲ့ဂယက်စတဲ့ အကြောင်းအရာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို အားနည်းစေခဲ့ကြောင်း အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘဏ္ဍာရေး စုစည်းမှုကလည်း ခန့်မှန်းထားတာထက်ပိုပြီး စီးပွားရေးဖွံ့ဖြိုး မှုကိုနှေးကွေးစေကြောင်း   OBR  စီးပွားရေး ပညာရှင်တို့က ပြောသည်။Source.reuters.com