Main menu

Background

နယူးဒေလီနဲ့ မွန်ဘိုင်းမှာ လေဆိပ်ကြေး ကောက်ခံမှုကို အိန္ဒိယက ဖျက်သိမ်းမည်

Wed, 10/24/2012 - 08:20 -- Anonymous (not verified)

၂၀၁၃ ခုနှစ်ဇန်နဝါရီလကစပြီး နယူးဒေလီနဲ့မွန်ဘိုင်းလေဆိပ်တွေမှာ လေဆိပ်ကြေးကောက်ခံတာကို ဖျက် သိမ်းတော့မယ်လို့အိန္ဒိယအစိုးရကကြေ ညာပါတယ်။ ကမ္ဘာလေကြောင်းလိုင်း တွေကကုန်ကျစရိတ်တွေမြင့်တက်နေ တယ်ဆိုတဲ့ ပြောကြားမှုတွေရှိလာတဲ့ အတွက် လေကြောင်းသွားလာမှုကိုတိုး မြှင့်နိုင်အောင်အိန္ဒိယနိုင်ငံက ယခုလို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံနဲ့ဆိုင်တဲ့ ကုန် ကျစရိတ်မြင့်မားတာ အပါအဝင်တခြား အတားအဆီးတွေကြောင့် ယခုအချိန် ထိ မည့်သည်လေကြောင်းလိုင်းက စိတ် ဝင်စားမှု မပြကြသေးပါဘူး။

အပြည်ပြည်ဆိုင်ရာလေကြောင်း သယ်ယူပို့ဆောင်ရေးအသင်းက နယူး ဒေလီလေဆိပ်ကိုကမ္ဘာ့ကုန်ကျမှုအမြင့် ဆုံးလေဆိပ်အဖြစ်သတ်မှတ်ထားပါ တယ်။ လောင်စာဆီအခွန်နဲ့လေဆိပ် ကြေးတွေမြင့်မားလွန်တဲ့အတွက် အိန္ဒိ ယဈေးကွက်ထဲကိုဝင်ဖို့လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့မလေးရှား နိုင်ငံက  Ari Asia Bhd  က ပြောပါ တယ်။ နယူးဒေလီလေဆိပ်ကလေဆိပ် ဖွံ့ဖြိုးရေးကောက်ခံငွေအဖြစ် အပြည် ပြည်ဆိုင်ရာလက်မှတ်တစ်စောင်ကို ရူပီး ၁၃၀၀ နှုန်းကောက်ခံပါတယ်။ လေဆိပ်နှစ်ခုမှာရှိတဲ့ ရှယ်ယာတွေကို ထပ်တိုးဖို့နိုင်ငံတောင်ပိုင်းအိန္ဒိယလေ ဆိပ်အာဏာပိုင်အဖွဲ့ကိုအိန္ဒိယနိုင်ငံရဲ့ မြို့ပြလေကြောင်းဝန်ကြီးအာဂျစ်ဆင်း ကပြောကြောင်းအစိုးရရဲ့ကြေညာချက် မှာအောက်တိုဘာ ၁၆ ရက်ကဖေါ်ပြ ထားပါတယ်။ အိန္ဒိယလေဆိပ်အာဏာ ပိုင်အဖွဲ့ကလေဆိပ်တွေရဲ့ဖွံ့ဖြိုးမှုဆောင် ရွက်ပေးဖို့အတွက် ရှယ်ယာတွေနောက် ထပ်မထည့်နိုင်တဲ့အတွက် နယူးဒေလီ နဲ့မွန်ဘိုင်းလေဆိပ်တွေ က လေဆိပ်ဖွံ့ ဖြိုးရေးကြေး ငွေကောက်ခံခဲ့တာ ဖြစ်ပါ တယ်။ လေဆိပ်  ဖွံ့ဖြိုးရေးကြေးတွေကို ဖျက်သိမ်းလိုက်တဲ့အတွက် မွန်ဘိုင်းလေ ဆိပ်အတွက် ဘဏ္ဍာရေးထောက်ပံ့မှု ကွာဟချက်ရူပီး ၄၂ ဘီလီယံရှိပြီး၊ နယူး ဒေလီလေဆိပ်အတွက် ရူပီး ၁၁ ဒသမ ၇၅ ဘီလီယံရှိမယ်လို့အစိုးရက အောက် တိုဘာ ၁၆ ရက်က ပြောပါတယ်။Source.reuters.com