Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 10/24/2012 - 08:25 -- Anonymous (not verified)

ငွေကြေးတန်ဖိုးမြင့်တက်နေတာ တွေကိုထိန်းချုပ်ဖို့ အာရှဒေသတွင်းရှိ ဗဟိုဘဏ်တွေကဈေးကွက် အတွင်းဝင် ရောက်ကိုင်တွယ်ဖြေရှင်းလာတဲ့အတွက် အာရှငွေကြေးအများစုကအောက်တိုဘာ ၁၈ ရက် မှာ တန်ဖိုးအတက်နှေးခဲ့ပါ တယ်။ဒါပေမဲ့ အမေရိကန်ပြည်ထောင် စုရဲ့ အိမ်ခြံမြေကိန်းဂဏန်းတွေ ခိုင်မာ လာတာနဲ့ စပိန်နိုင်ငံက လာမဲ့လမှာ ကယ်တင်ငွေ ကိုတောင်းခံတော့မယ်လို့ ခန့်မှန်းလို့ရရှိ လာတဲ့မျှော်လင့်ချက်တွေ ကမ္ဘာ့ စီးပွားရေးအပေါ် အကောင်း ပို မြင်လာတဲ့အတွက်အောက်တိုဘာ ၁၈ ရက်မှာဒေသတွင်း အာဏာပိုင်အဖွဲ့က ယခုနှစ်အတွင်းစွမ်းဆောင်မှုအကောင်း ဆုံးဖြစ်တဲ့ စင်ကာပူ ဒေါ်လာကို ထိန်း ချုပ်ဖို့ အတွက် ဒေါ်လာများကို ဝယ်ယူ လာတဲ့အတွက် ကနဦး မြင့်တက်မှုကို ပြခဲ့တဲ့ ငွေကြေးတွေက အနည်းငယ် အားလျော့လာပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လက် လီရောင်းချမှုတွေကစက်တင်ဘာလစာ ရင်းအရ ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဈေးကတော့ လေးနှစ်အတွင်းအမြင့်ဆုံးဖြစ်တဲ့ ၁၅ ရာ ခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း ယခုရက် သတ္တပတ်အတွင်းထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။ ဘရပ်ဆဲ မြို့မှာ ကျင်းပခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှာ ပြီးဆုံးခဲ့တဲ့ ဥရောပ သမဂ္ဂ ထိပ်သီး အစည်းအဝေးမှာ ဥရောပ ခေါင်းဆောင်တွေက ယခုနှစ်ကုန်မှာ ယူရိုဧရိယာဘဏ်တွေကို ကြီးကြပ်မဲ့ အဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့ပါတယ်။
တရုတ်ယွမ် စက်တင်ဘာမှာ တရုတ်ရဲ့စက်ရုံ ထုတ်လုပ်မှု၊ လက်လီအရောင်းနဲ့ပုံသေ ရင်းနှီးမြှုပ်နှံမှုတွေအရှိန်ရ လာကြောင်း အောက်တိုဘာ၁၇ ရက်က ထုတ်တဲ့စာ ရင်းဇယားတွေအရသိရပါတယ်။ ယွမ် ငွေကြေးတန်ဖိုး က အောက်တိုဘာ ၁၈ ရက်မှာတစ်ဒေါ်လာကို ၆ ဒသမ ၂၅၂၁ ယွမ်နှုန်းရှိခဲ့ပါတယ်။ "တရုတ်စီးပွားရေးကသြဂုတ် သို့မ ဟုတ်စက်တင်ဘာမှာအောက်ဆုံးကနေ ပြန်မော့တက်လာပြီလို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ကမ္ဘာ့ငွေဖြစ်လွယ် မှုအခြေအနေတိုးတက်လာတာနဲ့အမေ ရိကန်သမ္မတမဲ ဆွယ်ပွဲမှာယွမ်တန်ဖိုးမြှင့် တင်ပေးဖို့ တောင်းဆိုတာတွေကြောင့် ယွမ်ငွေတန်ဖိုးကိုအထောက် အကူဖြစ် စေခဲ့ ပါတယ်" ဟုဟောင်ကောင်အခြေစိုက် DBS  Bank  Hong  Kong  ရဲ့ ဒုတိယ ဥက္ကဌတွမ်မီအုန်းက ပြောပါ တယ်။
အိန္ဒိယရူပီး ရေနံတင်သွင်းသူတို့က အမေရိ ကန်ဒေါ်လာကိုဝယ်လိုအားမြင့်မားလာ  တဲ့အတွက်ဘဏ်အချင်းချ င်းနိုင်ငံခြားငွေ ဖလှယ်ရာမှာ အောက်တိုဘာ ၁၉ ရက် ကရူပီတန်ဖိုးက သုည ဒသမ ၃၅ ရူပီး နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၅၃ ဒသမ ၇၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ ဒါ့ပြင် စတော့ဈေးကွက်အဖွင့်မှာစတော့ရှယ်ယာ တန်ဖိုးကျနေတာနဲ့ ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာတခြားငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါဒေါ်လာ တန်ဖိုးမြင့်တက် နေတာကလည်းပြည်တွင်းငွေကြေးအပေါ် သြဇာသက်ရောက်တာတွေရှိတယ် လို့ ငွေကြေးဝယ်ေ ရာင်းသမားတွေကပြောပါ တယ်။
ဂျပန်ယန်း ဘရပ်ဆဲမြို့မှာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင် များအစည်းအဝေးက အကျပ်အတည်း တိုးတက်လာမည့် လက္ခဏာများကို ပြသလာတဲ့ အတွက် အောက်တိုဘာ ၁၈ ရက်က ယူရိုတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ အနည်းငယ် ကျဆင်းခဲ့ပါ တယ်။ အလားတူ  ယန်းငွေ  တန်ဖိုးက လည်း ဆက်လက်ကျဆင်းပြီး တစ် ဒေါ်လာ ၇၉ ယန်း မျဉ်းကို ဖြတ်ကျော် ဖို့ တွန်းအားပေးနေပါတယ်။ ယူရို ဒေါ်လာ ဖလှယ်နှုန်းမှာ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက တစ်ယူရိုကို ၁ ဒသမ ၃၁၂၀ ယူရိုရှိနေ ရာမှ ၁၈ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ ၃၀ မိနစ်မှာ တစ်ယူရိုကို ၁ ဒသမ ၃၀၆၇ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ဒေါ်လာ/ယန်းဖလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၇၈ ဒသမ ၉၇ ယန်း နှုန်းမှ ၇၉ ဒသမ ၂၈ ယန်းနှုန်းထိ ရောက်သွားပါတယ်။ ယူရိုတန်ဖိုးမှာ အပြောင်းအလဲမရှိဘဲ တစ်ယူရို ၁၀၃ ဒသမ ၆၀ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းဈေးကွက်မှာ ရင်းဂစ်တန်ဖိုး က အမေရိကန်ဒေါ်လာနဲ့ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံ မှာ စီးပွားရေးအလားအလာအားနည်း ခြင်း၊ အမေရိကန်ပြည်ထောင်စုရှိ နည်း ပညာကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေ အနေ အားနည်းလာခြင်း စသည့် အချက် တို့က အာရှဒေသရှိ စီးပွားရေး အလားအလာကို ဂယက်ရိုက်ခတ်ခဲ့ ကြောင်း ငွေကြေးဝယ်ရောင်းသမား တွေက ပြောပါတယ်။ ရင်းဂစ်ငွေကြေး တန်ဖိုးက အောက်တိုဘာ ၁၈ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၀၃၅၅ ရင်းဂစ်မှ တစ်ဒေါ်လာကို ၃ ဒသမ ၀၅၀၀ ရင်းဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုးကျ ခဲ့ပါတယ်။ ရင်းဂစ်ငွေကြေးက အာရှ အခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ လည်း တန်ဖိုးကျဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ယခု ရက်သတ္တပတ် အတွင်း တောင်ကိုရီးယားဝမ်တန်ဖိုးက ယခုလ အတွင်းမှာ အကောင်းဆုံးအနေအထား ကို ရောက်ရှိခဲ့ပါတယ်။ ဝမ်ငွေကြေး တန်ဖိုးက ဆိုးလ်မြို့မှာ အောက်တိုဘာ ၁၈ ရက် မနက် ၁၁ နာရီ ၅၄ မိနစ်က ရက်သတ္တတစ်ပတ်အတွင်း သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၁၁၀၅ ဒသမ ၃၆ ဝမ်နှုန်း ရှိခဲ့ ကြောင်း ဘလွမ်းဘတ်သတင်းဌာနက ပြုစုထားတဲ့ စာရင်းများအရ သိရပါ တယ်။ အောက်တိုဘာ ၁၇ ရက်က တစ်ဒေါ်လာကို ၁၁၀၂ ဒသမ ၀၅ ဝမ်နှုန်းကို ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
ထိုင်းဘတ် ကမ္ဘာ့ စီးပွားရေး အလားအလာ မှေးမှိန်နေသည့်အတွက် ထိုင်းနိုင်ငံ စီးပွားရေးက ၂၀၁၃ ခုနှစ်မှာ ခန့်မှန်း ထားသည်ထက် ပိုမိုအားနည်းလာနိုင် ပါတယ်။ ဒါကြောင့် ပြည်တွင်းဝယ်လို အားကို ကျားကန်ပေးနိုင်ဖို့အတွက် ထိုင်းဗဟိုဘဏ်က ဗဟိုဘဏ်အတိုး နှုန်းကို အောက်တိုဘာ ၁၉ ရက်က ရုတ်တရက် လျှော့ချပေးခဲ့ပါတယ်။ ဒေါ်လာ/ဘတ် ဖလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၃၀ ဒသမ ၆၉၀ ဘတ် နှုန်းရှိခဲ့ပါတယ်။ှSource.bloomberg.,brecorder, pti, AFP, bernama