Main menu

Background

ယူရိုဇုန် အကျပ်အတည်းကြောင့် တောင်ကိုရီးယားကားထုတ်လုပ်သူတို့ အခြေအနေဆိုး

Wed, 10/24/2012 - 08:21 -- Anonymous (not verified)

ပြည်တွင်း၌ကားရောင်းချရာမှာ ကာလရှည်ကြာစွာအရောင်းကျပြီးနောက် ပိုင်းလွန်ခဲ့သောလအနည်းငယ်အတွင်း တွင်တောင်ကိုရီးယားရှိမော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီကြီးငါးခုရဲ့မော် တော်ကားတင်ပို့မှုကျဆင်းခဲ့ပါတယ်။ ဟွန်ဒိုင်း၊ ကီးယား၊ ဂျီအမ်ကိုရီးယား၊ ရေးနော့ဆမ်ဆောင်းနဲ့ ဆမ်းယောင်း မော်တော်ကားကုမ္ပကြီးငါးခုရဲ့ စုစုပေါင်း တင်ပို့မှုကစက်တင်ဘာက ၂၃၂၀၂၅ စီးတင်ပို့ခဲ့ပြီး ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၇ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တင်ပို့မှုလအလိုက်ကျဆင်းတာဇွန်လက ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဇူလိုင်လမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနဲ့သြဂုတ်လမှာ ၂၃ ဒသမ ၆ ရာခိုင်နှုန်းအသီးသီးကျ ဆင်းခဲ့တဲ့အတွက် စက်တင်ဘာလကျ ဆင်းမှုကစတုတ္ထမြောက်ကျ ဆင်းခဲ့တာ ဖြစ်ပါတယ်။

ရေးနော့ဆမ်ဆောင်းရဲ့ စက်တင် ဘာလ ကျဆင်းမှု ၄၀ ဒသမ ၃ ရာ ခိုင်နှုန်းနဲ့အများဆုံးဖြစ်ခဲ့ပြီးကီးယားက ၉ ရာခိုင်နှုန်း၊ ဆမ်ယောင်းက ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဟွန်ဒိုင်းက ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဂျီအမ်ကိုရီးယားက ၁ ဒသ မ ၅ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါ တယ်။ ပို့ကုန်တွေကျဆင်းရတာက ဆက်လက်ဖြစ်ပွားနေတဲ့ ယူရိုဇုန်ဘဏ္ဍာ ရေးအကျပ်အတည်းကြောင့်ဖြစ်ရတဲ့ စီးပွားရေးမရေရာမှုတွေကြောင့်ဖြစ် ရ ကြောင်းကိုရီးယားေ မာ်တော်ကားထုတ် လုပ်သူများအသင်း (KAMA) ကပြော ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်မှာစတင်အ ကျိုးသက်ရောက်မှုရှိခဲ့တဲ့ ကိုရီးယား-အီး ယူသဘောတူညီချက်အရယခုနှစ်ပထမ သုံးလပတ်မှာ မော်တော်ကားထုတ်လုပ် သူတွေရဲ့ပြည်ပတင်ပို့မှုမြင့်တက်ခဲ့ပေမဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက ဒုတိယနှစ်ဝက် မှာကမ္ဘာ့စီးပွားရေးကျဆင်းတဲ့အတွက် ဒီဒဏ်ကိုအနည်းနဲ့အများခံစားရခဲ့ရ ကြောင်းအသင်း ရဲ့ကြေညာချက်မှာဖော် ပြထားပါတယ်။ ယူရိုဇုန် အကျပ်အတည်းက ပင် လယ်ရပ်ခြားမှာစက်ရုံမရှိတဲ့ တခြားလုပ် ငန်းသုံးခုကိုလည်း ထိခိုက်မှုဖြစ်စေခဲ့ပါ တယ်။ ကမ္ဘာ့နဲ့ချီပြီးစားသုံးသူယုံကြည် မှုကျဆင်းနေတဲ့အတွက်ကားအရောင်း က ယခင်နှစ်က စီးရေ ၁ ဒသမ ၅၈ သန်းရောင်းချခဲ့ရာမှ ၃၀၀၀၀ ကျဆင်း ပြီး စီးရေ ၁ ဒသမ ၅၅ သန်းရောင်းချ ခဲ့ရပါတယ်။ှSource.koreaherald.com