Main menu

Background

ယွမ်ငွေကြေး ပြောင်းလဲသွဲစုံးမှုကို ထောက်ခံအားပေး

Wed, 10/24/2012 - 08:25 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေးမှာအာရှရဲ့ အခန်းကဏ္ဍ အရေးပါလာပါတယ်။ ထို့အတူ လက်ရှိအပြည်ပြည်ဆိုင် ရာ ငွေကြေးစနစ်က ငွေကြေးရဲ့မှန်ကန်တဲ့တန်ဖိုးကို ထိန်းသိမ်းပေးနိုင်တာမရှိတဲ့အတွက် အပြည်ပြည်ဆိုင် ရာ ငွေကြေးသစ်တစ် ခုရရှိရေးကအရေးကြီးလာပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာ တွင်ကျယ် လွှမ်းမိုးနေတာကိုတန်ပြန်ထိန်းညှိဖို့အတွက် ယွမ်ငွေကြေးက အသင့်တော် ဆုံးဖြစ်ကြောင်းအာရှ-ဥရောပဖောင်ဒေး ရှင်းကအောက်တိုဘာ ၁၃ ရက် ကျင်းပ တဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာပါဝင်သူတွေက သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာနဲ့ဆောင်ရွက်သွားနိုင်ဖို့က အလှမ်းဝေးနေ သေးတယ်လို့ပြောပါတယ်။

ပိုမိုကောင်းမွန်တဲ့ အစားထိုးစရာမရှိရင်အာရှစီးပွားရေးတွေက သူတို့အ ရန်ငွေကြေးတွေနဲ့ အမေရိကန်အစိုးရရဲ့ငွေကြေးစာချုပ်စာတမ်းတွေကို ဆက် လက်ဝယ်ယူနေရဦးမယ်၊ ဒီအရန်ငွေတွေက မတည်ရင်းနှီးငွေစီးဝင်တာနဲ့စု စည်းထားရတာဖြစ်လို့အမေရိကန်လိုငွေ ဆက်ပြီးပခုံးထမ်းထားရဦးမယ်။ ဒီဝဲ သြဂထဲ လည်နေရဦးမှာပဲလို့ Chatha House ကုမ္ပဏီက အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒဌာန သုတေသနညွှန်ကြားရေးမှူး ပေါင်လာဆူဘာချီက ပြောပါ တယ်။ "ကောင်းကောင်းမွန်မွန်လည်ပတ်နေတဲ့အပြည်ပြည်ဆိုင်ရာငွေကြေး စနစ်ဆိုရင်ပြည်ပငွေပေးငွေယူရှင်တမ်း မှာပိုငွေနဲ့လိုငွေရှိနေတဲ့နိုင်ငံတွေအချင်း ချင်းချိန်သားကိုက်ညီမှုရှိရမှာပါ။ ဒီအခြေအနေမျိုးကဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒီနိုင်ငံတွေကြားမှာကွဲပြားခြားနားမှုကတစ်စစကြီးထွားနေပါတယ်" လို့ သူကပြော ပါတယ်။ ဒေါ်လာတန်ဖိုး ကျဆင်းနေတဲ့အတွက်ဒေါ်လာစာချုပ်စာတမ်းတွေကို ကိုင်ဆောင်သူတွေအတွက် တန်ဖိုးဆုံးရှုံးမဲ့အန္တရာယ်တွေ ရှိနေပါတယ်။ အ ပြည်ပြည်ဆိုင်ရာစနစ်သစ်ကို ၂၀၀၉ ခုနှစ်က တရုတ်ဗဟိုဘဏ်က အဆိုပြု ခဲ့ပါတယ်။ ဒါပေမဲ့ အကန့်အသတ်တွေ ရှိနေတယ်လို့ သူမက ပြောပါတယ်။ှSource.bangkokpost.com