Main menu

Background

စပိန်ဘဏ်ခုနှစ်ဘဏ်၏ ချေးငွေအဆင့်ကို S&P ကလျှော့ချ

Wed, 10/24/2012 - 08:26 -- Anonymous (not verified)

စပိန်နိုင်ငံ၏ နိုင်ငံတော်ချေးငွေ အဆင့်ကိုလျှော့ချပြီးနောက်စပိန်နိုင်ငံ မှာအကြီးဆုံးဘဏ်နှစ်ခုဖြစ်တဲ့ Santan der  နဲ့ BBVAအပါအဝင် စပိန်ဘဏ် ခုနှစ်ခုတို့ရဲ့ ချေးငွေအဆင့်ကို Standard & Poor  ချေးငွေအဆင့်သတ် မှတ်ရေးအေဂျင်စီကလျှော့ချခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက အဆင့်လျှော့ချခံရတဲ့ဘဏ်တွေထဲမှာ ဆန်တန်ဒါ၊ BBVA    ဘန်ကန်စတို၊ ဘန် ကိုပေါ်ပြူလာ၊    Bankia-BFA   ဘန်ကို ဆာဘာဒဲနဲ့ ကိုင်ဇာဘဏ်တို့ ပါဝင် ကြောင်း နယူးယောက်အခြေစိုက်ချေး ငွေအဆင့်သတ်မှတ်ရေးအေဂျင်စီရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ S&P က စပိန်နိုင်ငံရဲ့ချေးငွေအ ဆင့်ကိုနှစ်မှတ်လျှော့ချပြီးသတ်မှတ်ပြီး အဆိုးဆုံးအခြေအနေထက်တစ်ဆင့် သာပိုပြီးထားရှိခဲ့ပါတယ်။ တခြားအေ ဂျင်စီတစ်ခုဖြစ်တဲ့ Moody's Investor Service ကလည်း စပိန်နိုင်ငံရဲ့ ကြွေးးမြီအဆင့်ကိုအလားတူလျှော့ချ ခဲ့ပြီးစပိန်နိုင်ငံရဲ့ ဘွန်းစာချုပ်များကို အဆင့်မမီတဲ့ဘွန်းစာချုပ်အဖြစ်သတ် မှတ်ပြီးကြွေးမြီအဆင့်ကို ယခုလကုန် မှာလျှော့ချဦးမယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီလိုလျှော့ချခံရမယ်ဆိုရင် စပိန် နိုင်ငံရဲ့ချေးငွေအဆင့်ကဇောက်ထိုးကျ ဆင်းပြီးနိုင်ငံတော်ကယ်တင်မှုချေးငွေ ကိုရှာဖွေရမဲ့ဘဝကို စပိန်နိုင်ငံကျရောက် သွားနိုင်ပါတယ်။ S&P  က ဆန်တန်ဒါနဲ့ဘန်နက် စတိုရဲ့လက်အောက်ခံဘဏ်တွေရဲ့အ ဆင့်ကို A မှ BBB   အဆင့်သို့လျှော့ချ ခဲ့ပြီးBBVA    ဘဏ်ကို   BBB + ကနေ အဆင့် BBB - သို့ အဆင့်နှစ်ဆင့် လျှော့ချသတ်မှတ်ခဲ့ပါတယ်။Source.AFP