Main menu

Background

လူလတ်တန်းစားများကြောင့် အာရှဒေသတွင်းခရီးသွားလုပ်ငန်းများ တိုးတက်မှုရှိနိုင်

Wed, 10/24/2012 - 08:27 -- Anonymous (not verified)

ဥရောပဒေသမှာ စီးပွားရေးမရေ ရာမှုတွေရှိနေပေမဲ့ အာရှပစိဖိတ်ဒေသ အထူးသဖြင့် တရုတ်၊ အိန္ဒိယနဲ့ အင်ဒို နီးရှားဒေသက လူလတ်တန်းစားခရီး သွားများကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွား ရေးစန်းထမှုကို အရအမိဖမ်းနိုင်အောင် ခရီးသွားလုပ်ငန်းမှာသုံးစွဲဖို့ ခရီးသွား လုပ်ငန်းရင်းနှီးမြှုပ်နှံသူတွေက ဆောင် ရွက်နေကြောင်း အာရှဒေသခရီးသွား လုပ်ငန်းခေါင်းဆောင်များက ပြောပါ တယ်။

Trave  RAVE 2012  ပြပွဲများနဲ့ အတူ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင် ရာဟိုတယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် Tourism Destination Investment Conference Asia ကို တက်ရောက်လာတဲ့ အာရှ ပစိဖိတ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ကျွမ်းကျင်သူတွေက ဒီပြဿနာ ကို တင်ပြဆွေးနွေးကြပါတယ်။  Travel RAVE  အစီအစဉ်ကို စင်ကာပူ ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က အောက် တိုဘာ ၁၅ ရက်ကစပြီး မရီနာဘေး ဆင်းမှာ ကျင်းပခဲ့ရာ အောက်တိုဘာ ၁၉ ရက် မှာ ပြီးဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းမှ စုစုပေါင်း ဝင် ငွေအနက် ၂၁ ရာခိုင်နှုန်းက အာရှ-အိုရှင်နီးယားနိုင်ငံတွေက ရရှိတာ ဖြစ် ကြောင်း၊ လာမဲ့နှစ်မှာ ၃၀ ရာခိုင်နှုန်း ထိတိုးတက်လာမယ်လို့ ရည်မှန်းထား ကြောင်း  PCIT International   ဥက္ကဌ ရစ်ချတ်ဟဲလ်ဖာကဖိုရမ်မှာပြောပါတယ်။ ဒီအလားအလာအရ ကြည့်မယ် ဆိုရင် ဒေသတွင်းမှာရှိတဲ့ ခရီးသွား လုပ်ငန်းအခြေခံအဆောက်အအုံမှာ ရင်းနှီးမြှုပ်နှံမှုကို အမျိုးသားအဆင့်၊ ဒေသဆိုင်ရာအဆင့်နဲ့ အပြည်ပြည်ဆိုင် ရာအဆင့်တွေကနေ အကြီးစားရင်းနှီး မြှုပ်နှံမှုကနေ ဟိုတယ်ငယ်ကလေးတွေ အထိ အဆင့်အသီးသီးမှာ အစိုးရကဏ္ဍ တွေကနေ ထောက်ပံ့မှုအပြည့်အဝရ မယ်လို့ ခန့်မှန်းထားကြောင်း ဟယ်ဖာ က ပြောပါတယ်။ ဒီဒေသတွင်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းရဲ့ ဦးတည်ချက်အလား အလာသစ်က ဖောက်သည်သစ်တွေရဲ့ လူနေမှုဘဝသစ်နဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ပိုမိုမြင့်မား တဲ့ အခွင့်အလမ်းတွေဖော်ဆောင်နိုင်ဖို့ အတွက် လူဖန်တီးထားတဲ့  ခရီးသွား လုပ်ငန်း ဆွဲဆောင်မှုတွေကို  တည် ဆောက်ဖန်တီးခြင်းဖြင့် သမိုင်းဆိုင်ရာ၊ သဘာဝဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းတွေထက် သာလွန်ပြီး ဖောက်သည်သစ်တွေကို ဖမ်းစားနိုင် အောင် ဆောင်ရွက်ဖို့  ဟယ်ဖာက နှိုး ဆော်ထားပါတယ်။ ခရီးသွားလုပ်ငန်းက စီးပွားရေး အတွက် အလွန်အရေးပါကြောင်း World Travel and Tourism Council (WTTC) ရဲ့ ဥက္ကဌနဲ့ အမှုဆောင် အရာရှိချုပ် ဒေးဗစ်စကောင်းဆီးက ပြောပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက် နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး က အလုပ်အကိုင်အများကြီးဖန်တီးနိုင် သလို ဥစ္စာဓနကိုလည်း ဖန်တီးပေးနိုင် တယ်လို့ ဆိုပါတယ်။ " ၂၀၁၂ ခုနှစ်မှာ ခရီးသွားလုပ်ငန်း က စုစုပေါင်းပြည်တွင်း အသားတင် ထုတ်လုပ်မှုကို ၃ ရာခိုင်နှုန်းတိုက်ရိုက် အထောက်အကူပေးနိုင်ပါတယ်။ လာမဲ့ နှစ်မှာ တစ်ကမ္ဘာလုံးမှာ ဒီလုပ်ငန်းကနေ အလုပ်အကိုင်သစ်နှစ်သန်းဖော်ထုတ်ပေး မယ်။ ခရီးသွားအရေအတွက်က ၂ ရာ ခိုင်နှုန်းတိုးတက်ပြီး ရင်းနှီးမြှုပ်နှံမှုက ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်" လို့ စကောင်းဆီးက ပြော ပါတယ်။ လာမဲ့ဆယ်စုနှစ်အတွင်း မတည် ရင်းနှီးမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက အလျင်မြန်ဆုံးဖွံ့ဖြိုးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်း WTTC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခင်နှစ်က ထိုင်း ခရီးသွားလုပ်ငန်းက   ရင်းနှီးမြှုပ်နှံမှု ဘတ် ၈၅ ဒသမ ၆ ဘီလီယံထိရရှိခဲ့ပါ တယ်။ ယခုနှစ်ကုန်မှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်မယ်လို့ ခန့် မှန်းထားပြီး လာမဲ့ ၁၀ နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာတစ်နှစ်ပျမ်းမျှ ၉ ဒသမ ၇ ရာ ခိုင်နှုန်းမြင့်တက်ပြီး ဘတ် ၃၁ ဒသမ ၆ ဘီလီယံထိ ရှိမယ်လို့ ခန့်မှန်းခဲ့ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးနှုန်းက တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံ တွေထက် မြင့်မားခဲ့ပါတယ်။ှSource:nationmultimedia.com