Main menu

Background

နယူးစ်ဝိခ်ကို ဒစ်ဂျစ်တယ်သက်သက်ဖြင့် ဖြန့်ချိမည်

Wed, 10/24/2012 - 08:29 -- Anonymous (not verified)

ကမ္ဘာပေါ်မှာ လူသိအများဆုံး မဂ္ဂဇင်းဖြစ်တဲ့ နယူးစ်ဝိခ်ကို ပုံနှိပ်မဂ္ဂဇင်း အဖြစ် နှစ် ၈၀ နီးပါးဖြန့်ချိခဲ့ပြီးနောက် ပုံနှိပ်မဂ္ဂဇင်းအဖြစ် ထုတ်ဝေတာကိုရပ် ဆိုင်းပြီး ဒစ်ဂျစ်တယ်ပုံစံဖြင့် ထုတ်ေ၀ တော့မှာဖြစ်ပါတယ်။ သုံးစွဲသူတွေက ပုံနှိပ်ပုံစံထက် တဲဘလက်နဲ့ မိုဘိုင်းပုံစံ တွေကို ပိုမိုသဘောကျလာတဲ့အတွက် ယခုလိုပြောင်းလဲလိုက်ရတာဖြစ်ပါတယ်။ ပုံနှိပ်ပုံစံနဲ့အပတ်စဉ်မဂ္ဂဇင်းကို ဒီဇင်ဘာ ၃၁ ရက်ကို နောက်ဆုံးထားပြီး ထုတ်ေ၀ မှာ ဖြစ်ပါတယ်။

"ကျွန်မတို့ နယူးစ်ဝိခ်ကို အသွင် ပြောင်းမှာပါ။ ရပ်ပစ်မှာ မဟုတ်ပါဘူး" လို့ Newsweek Daily Beast Company  ကို ထူထောင်ခဲ့သူနဲ့ အယ်ဒီတာ ချုပ် တီနာဘရောင်း က ပြောပါတယ်။ တိုင်းမ်မဂ္ဂဇင်းနဲ့ ဆယ်စုနှစ်ပေါင်း များစွာ အပြင်းအထန်ပြိုင်ဆိုင်လာခဲ့တဲ့  နယူးစ်ဝိခ်က တစ်စစနဲ့ ဝင်ငွေကျလာပါ တယ်။ ပုံနှိပ်မှုနဲ့ အွန်လိုင်းက Daily Beast  လုပ်ငန်းတွေကို ပေါင်းလိုက်ပြီး Newsweek Global  လို့ ထုတ်လိုက် ရင် လူတွေလျှော့ပစ်ရမယ်ဆိုတာကို ဘရောင်းက ဝန်ခံပါတယ်။ "အမေရိကန်ပြည်ထောင်စုမှာ ရော၊ အပြည်ပြည်ဆိုင်ရာမှာပါ စီးပွား ရေးလုပ်ငန်းတွေ လျှော့ချရမယ်။ ဝန် ထမ်းတွေနဲ့ အယ်ဒီတာအဖွဲ့ကို လျှော့ချ ရမှာ ဖြစ်တဲ့အတွက် စိတ်မကောင်းပါ ဘူး" လို့ သူမက ပြောပါတယ်။ ဒစ်ဂျစ်တယ် ပုံစံထုတ်ဝေတာက ပိုမိုရှုပ်ထွေးခက်ခဲတဲ့ ပုံစံနဲ့ ကမ္ဘာ့အဖြစ် အပျက်တွေကို လေ့လာသိရှိလိုတဲ့ စာ ဖတ်ပရိသတ်အတွက် ရည်ရွယ်ဆောင် ရွက်တာဖြစ်ပါတယ်။ မိုဘိုင်းကိုအသုံးပြု လိုသူတွေအတွက်တစ်ကမ္ဘာလုံးအတွက် တစ်စောင်တစ်မျိုးတည်း ထုတ်ဝေသွား မှာဖြစ်ပါတယ်။ သီးခြားရွေးချယ်ထားတဲ့ အကြောင်း အရာကို The Daily Beast   ဝက်ဘ် ဆိုက်မှာ ရနိုင်မှာဖြစ်ပြီး လစဉ်ကြေးပေး ပြီး ဝက်ဘ်ဆိုက်ပေါ်မှာ တက်ဘလက် အသုံးပြုပြီး ကြည့်နိုင်မှာဖြစ်ပါတယ်။ မဂ္ဂဇင်းကို ထုတ်ဝေဖြန့်ချိနေတဲ့ ကုမ္ပဏီ က ဒစ်ဂျစ်တယ်နဲ့ အားလုံး ထုတ်မဲ့ အကြောင်းကို ဇူလိုင်ကတည်းက ပြောခဲ့ ပါတယ်။ နယူးစ်ဝိခ်ရဲ့ စာဖတ်ပရိတ်သက် က မူလက ၃ သန်းရှိခဲ့ရာမှ ယခု ၅၀ ရာခိုင်နှုန်းကျဆင်းပြီး ၁ ဒသမ ၅ သန်း သာရှိခဲ့ပါတယ်။ ဒီကျန်ပရိသတ်ကို ဒစ် ဂျစ်တယ်ပုံစံနဲ့ ပေးသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်အရ နယူးစ်ဝိခ် ရဲ့ iPad ပုံစံကိုတစ်နှစ် ၂၄ ဒသမ ၉၉ ဒေါ်လာရှိပြီး စုပေါင်းထားတဲ့ print-iPad   ပုံစံရဲ့ နှစ်စဉ်ကြေးက ၃၉ ဒသမ ၉၉ ဒေါ်လာရှိမှာဖြစ်ပါတယ်။ Select Newsweek ukd Daily Beast   မှာ အခမဲ့ရမှာ ဖြစ်ပါတယ်။ Daily Beast   ကိုယ်တိုင်က ကြေညာခ နဲ့ ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ ဒစ် ဂျစ်တယ်နဲ့ထုတ်တဲ့အတွက် လူလျှော့ဖို့ လိုမှာဖြစ်ပေမဲ့ ဘယ်လောက်လျှော့မယ် ဆိုတာကို ဘရောင်းက မပြောပါဘူး။ ဝါရှင်တန်ပို့စ်က နယူးစ်ဝိခ်ကို ကယ်လီဖိုးနီးယားမှ ဘီလီယံနာ ဆစ်ဒနီ ဟာမန်ကို ၂၀၁၀ ခုနှစ်မှာ ရောင်းချခဲ့ပါ တယ်။ အဲဒီနောက်  IAC နဲ့ပူးပေါင်းပြီး အွန်လိုင်းလုပ်ငန်းအဖြစ် ဖွဲ့စည်းလုပ် ဆောင်ခဲ့ပြီး Newsbeast  လို့ လူသိ များခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဟားမန် ကွယ်လွန်ပြီးတဲ့နောက် သူ့မိသားစုက ငွေကြေးထောက်ပံ့မှုတွေ ရပ်ခဲ့ပါတယ်။ အခြားအမေရိကန်မဂ္ဂဇင်းနဲ့ သတင်းစာ တွေလိုပဲ ပုံနှိပ်ကြော်ငြာ ဝင်ငွေရရှိမှု နည်းခဲ့ပါတယ်။ စာဖတ်သူတွေက အခ မဲ့ရတဲ့ အွန်လိုင်းဘက်ကို ပြောင်းသွားတဲ့ အတွက် ဖြန့်ဝေရေးမှာလည်း ကျဆင်း ခဲ့ပါတယ်။  Source:AFP, reuters