Main menu

Background

ယုံရတော့မှာလား စပါးဈေးရယ်

Wed, 10/24/2012 - 08:30 -- Anonymous (not verified)

စပါးသစ်ပေါ်ကာနီးတာရယ်၊ ပဲခူးတိုင်း ဒေသကြီးတို့မှာ ကောက်စောစတင်ထွက် ပေါ်နေပြီဖြစ်လို့ အညာရဲ့ စပါးဈေးလဲ ကျရိပ် သန်းလာပါပြီ။ မတ္တရာနယ်မှာ မနောသုခ စပါးဈေးက ၄၀၀၀၀၀ ကျပ်အောက်ကို စတင် ဆင်းလာနေပါပြီ။ မိုးစပါးဈေးပါ။ နွေစပါးက ၃၅၀၀၀၀ ကျပ်က ၃၈၀၀၀၀ ကျပ်အောက်ပဲရှိ ပါတယ်။ လက်ရှိ စိုက်နေတဲ့ မိုးစပါးတွေရဲ့ အမျိုးအစားကိုကြည့်ရင် မတ္တရာတစ်နယ်လုံး မှာ ရွှေသွယ်ရင်စပါးကို ၆၀ ရာခိုင်နှုန်းလောက် စိုက်ထားတာတွေ့ရတယ်။ မဂျမ်းတောတို့၊ မနောသုခတို့ စိုက်ဧကရဲ့အထက်ကို ရောက် သွားတာပါ။ တောင်သူတွေရဲ့ ရည်မှန်းချက်က တရုတ်ဘက်ကို ရောင်းမဲ့သူအတွက် ရည်ရွယ် တာ ဖြစ်နိုင်ပါတယ်။  မန္တလေးဈေးကွက်က ဆန်ဈေး အတက်အကျကို အဓိက လွှမ်းမိုး ထားတာက တရုတ်ဘက်က ဈေးကွက်အခြေ အနေပါပဲ။ ယခုလတ်တလော တရုတ်ကို တင်ပို့ နေတာမှာ တရုတ်ဘက်က  တော်တော်များများ ဖမ်းဆီးတာ ခံရပါတယ်။ မန္တလေးကုန်သည်တွေ ရဲ့အသံက " ဒီဘက်နိုင်ငံက တရားဝင် တင်ပို့နေ တာကို တရုတ်ဘက်ကလည်း တရားဝင် ဝယ်ယူ စေချင်တယ်။ အခွန်လျှော့ပေးစေချင်တယ်"၊ "ခိုး ကြောင်ခိုးဝှက် ရောင်းနေတာက မကောင်းပါဘူး" လို့ ပြောကြပါတယ်။

မန္တလေးဈေးကွက်ကိုကြည့်ရင်  မနောသုခ ဆန်ဈေးက ၁၆၀၀၀ ကျပ် ပတ်ဝန်းကျင်ရှိပါတယ်။ ထူးထူးခြားခြား ပုလဲသွယ် အိတ်ပိုင်း ၄၀-၅၀ ဝင်လာတာရှိပါတယ်။ အိတ် ၅၀၀-၆၀၀  ဝင်မှ တရုတ်ဘက်ကို ပိုမိုအဆင်ပြေမှာဖြစ်လို့ ဈေးတော့ မရသေးပါဘူး။ အိတ်ကြီး ၃၀ ဒသမ ၇၅ ပိဿာ အိတ်တစ်အိတ်ကို ၁၆၅၀၀ ကျပ်လောက်ပဲဈေး ပေါက်တယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းအတွင်း မိုးများနေလို့ ကောက်စောဆန်မတက် လာနိုင် ပါဘူး။ ရိတ်မကောင်းသေးတာရယ်၊ အစိုများသေး တာရယ်ကြောင့်ပါ။ လကုန်ပိုင်း သီတင်းကျွတ်ပြီး ရင် မိုးလေကင်းလာမှာဖြစ်လို့ ကောက်စောဆန် လှိုင်လှိုင်  တက်လာမယ်လို့  မှန်းကြပါတယ်။ ဒီနှစ် အညာမှာ စပါးလှောင်ထားတဲ့သူများ တွက်ခြေ ကိုက်ကြပါတယ်။  အရင်လပိုင်းတွေမှာ  ဆန်ကွဲဈေးတက်ခဲ့လို့ ဆန်ဈေး  တက်တာရယ်၊ တရုတ်ဘက်ကို ဆန် ရောင်းချမှုအတွက်   မန္တလေးဈေးကွက်မှာ အနုတ်အသိမ်း ကင်းတာရယ်ကြောင့်ပါ။ စပါး ဈေးလဲပေါ်ချိန်မှာ အေးပေမဲ့ နောက်ပိုင်းမှာ တစ်ရိပ်ရိပ်ဈေးတက်ခဲ့တာ ၅ သိန်းကျော်ခဲ့ ပါ တယ်။ မထားနိုင်တဲ့တောင်သူတွေ အတွက်က တော့ တွက်ခြေမကိုက်ပါဘူး။ စရိတ်ရရုံပါပဲ။ ဒီနှစ်တော့အညာမှာ အစိုက်နောက်ကျကြလို့ ဘယ်လိုထွက်မလဲဆိုတာ  စောင့်ကြည့်နေရပါ တယ်။ အဖွင့်ဈေးကောင်းမယ်လို့တော့ မျှော် လင့်နေကြပါတယ်။ အခုထိတော့ တောင်သူ တွေ  ကံယုံပြီး စပါးစိုက်နေကြတုန်းပါပဲ။ အောက်ဘက်မှာ အရန်စပါးဝယ်ပြီး ဈေးထိန်း ပေးသလို တိုင်းဒေသကြီးအစိုးရကလဲ အရန် စပါးဝယ်ပြီး ဈေးထိန်းပေးရင် အရမ်းကောင်းမှာ ပဲလို့ တွေးမိပါတယ်။       မျိုးသူ-မန္တလေး