Main menu

Background

မလေးရှား-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

Wed, 10/24/2012 - 08:31 -- Anonymous (not verified)

မလေးရှား-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်းရဲကျော်စွာလမ်းရှိ RUMFCCI  ပထမထပ် အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ ပါတယ်။ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်းနဲ့ မလေးရှားကုန်ထုတ်လုပ်သူ များအသင်းဥက္ကဋ္ဌ မလေးရှားကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင် Tan Sri Dato' Soong Slew Hoong  တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဦးအောင်ခင်မြင့်က  Trade & Investment   Environment in Myanmar  ခေါင်းစဉ်နဲ့ Power Point Presentation  ဖြင့် ဆွေးနွေးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မလေးရှားစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှာ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အထည် အလိပ်များ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများထုတ်လုပ်သူများပါဝင်ခဲ့ကြပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အရောင်းကိုယ်စားလှယ်ကုမ္ပဏီကိုယ်စားလှယ်များရှာဖွေရန် ယခုကဲ့သို့ တွေ့ဆုံပွဲကို ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ၇၀ ခန့်လိုက်ပါလာကြပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များလည်း ၆၀ ကျော်ခန့် တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အရည်အသွေးမြင့် မလေးရှားထုတ်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုပြပွဲကိုလည်း အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမမှာ ကျင်းပလျက်ရှိပါတယ်။                          ဂန္ဓမာ