ဈေးကွက်ဝင် သီးနှံစိုက်ပျိုးရေး၏ အခြေခံမျိုးသန့်ထုတ်လုပ်ရေးကစပြီ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်ပြည်မြို့ရှိ ဆန်စက်ပိုင်ရှင်တစ် ဦးမှ ၎င်းင်း၏ ကိုယ်ပိုင်လယ်မြေ ၈၀ ဧက တွင် ဆင်းသွယ်လတ်မျိုးသန့်ထုတ်လုပ် ပြီး ဒေသခံတောင်သူများသို့ ဖြန့်ဝေပေး ကာ ထွက်ရှိလာသော ဆင်းသွယ်လတ် စပါးများကို အနိမ့်ဆုံး တစ်တင်း ကျပ် ၃၅၀၀ နှင့်ဝယ်ယူ၍ ပေါက်ဈေး ကျပ် ၃၅၀၀ အောက် ကျလျှင်လည်း ကျပ် ၃၅၀၀ နှင့် ဝယ်ယူလျက်ရှိပြီး ပေါက် ဈေး ကျပ် ၃၅၀၀ အထက်ရောက်လျှင် လည်း ပေါက်ဈေးအတိုင်း ဝယ်ယူပေး မည်ဟု အခြေခံနှုန်းသတ်မှတ်၍ မျိုး၊ သွင်းအားစုများပံ့ပိုးပေး၍ စိုက်ပျိုးလျက် ရှိရာ ၂၀၁၁/၂၀၁၂ နွေစပါးတွင် အောင်မြင်ခဲ့သဖြင့် ယခုနှစ် ၂၀၁၂/ ၂၀၁၃ မိုးစပါးတွင် ဧက ၁၀၀၀အတွက် မျိုးသန့်များထုတ်ပေးပြီး စိုက်ပျိုးလျက် ရှိပါတယ်။

အလားတူ ဒေသအတွင်း စပါးမျိုး တစ်မျိုးတည်း စိုက်ပျိုးရေးကို ဦးတည် လျက် မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန မျိုး သန့်ခြံမှ ရရှိသည့်(FS) အခြေခံမျိုးသန့် အဆင့်(၂)ဆင့်ပွားမျိုးကိုရယူပြီး ဆန် စက်ပိုင်ရှင်၏ လယ်ဧက ၈၀ တွင် မျိုး သန့်ထုတ်လုပ်လျက်ရှိရာဒေသအတွင်း စိုက်ပျိုးနိုင်သော လယ်ဧကတစ်သိန်း ကျော်ရှိသဖြင့် နှစ်စဉ်ဧက ၃၀၀၀၀ မှ ၅၀၀၀၀ အထိကို ဆင်းသွယ်လတ်မျိုး သန့်  (RS)မျိုးသန့်အဆင့်(၁) (မျိုး စေ့ထုတ်ပွားမျိုး)အဖြစ် ထုတ်ဝေဖြန့် ချိနိုင်ရန် တောင်သူများသို့ လက်တွေ့ သရုပ်ပြခြင်း  ဆောင်ရွက်လျက်ရှိရာ ၁၈-၁၀-၂၀၁၂ နေ့တွင် မျိုးသန့်နုတ် ပယ်ခြင်း နောက်ဆုံးအကြိမ်ပြုလုပ်ပွဲကို လက်တွေ့သရုပ်ပြ   ဆောင်ရွက်ခဲ့ပါ တယ်။ထိုသို့ဆောင်ရွက်ခြင်းဖြင့် အကျိုး တူတောင်သူများမှ (RS) မျိုးသန့်အဆင့် (၁) များထုတ်ပေးပြီး ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ဆင်းသွယ်လတ်စပါးသည် ပြည် ဒေသအတွင်း၌လည်းကောင်း၊ ဒေသ နှင့်ဆက်စပ်နေသော မကွေးတိုင်းဒေသ ကြီးမှလည်းကောင်း၊ အထူးနှစ်သက်ပြီး နှစ်စဉ်ထွက်သလောက်အရောင်းအဝယ် ဖြစ်သော စပါးမျိုးဖြစ်သဖြင့် ဒေသတွင်း တောင်သူများ စိုက်ပျိုးရန် သင့်တော် သောမျိုးဖြစ်ခြင်းကြောင့် တစ်ကွင်းတစ် ပြင် တစ်အုပ်တစ်မစိုက်ပျိုးရန် ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဒေသတွင်းစပါး မျိုးတစ်မျိုးတည်း တစ်ဆက်တစပ် တည်းစိုက်ပျိုးရေးကို  အထူးအလေး ထားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြ လိုက်ရပါတယ်။        ခေတ္တရာဟင်္သာ