Main menu

Background

ရိတ်သိမ်းပြီးစပါးများ ချက်ချင်းခြွေလှေ့ခြင်းရဲ့ အားသာချက်များကို တောင်သူများသိရှိနိုင်ရန် ပညာပေး

Wed, 10/24/2012 - 08:32 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မှာ မိုးစပါးစိုက် ဧက ၆ ဒသမ ၆ သိန်းကျော်ရှိရာ  ကောက်စောစပါးများ စတင်ရိတ်သိမ်းစပြုပြီဖြစ်လို့ ရိတ်သိမ်းပြီးစပါးများ ချက်ချင်း ခြွေလှေ့ခြင်းရဲ့ အားသာချက်များကို တောင်သူများ ကြိုတင် သိရှိနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆွေးနွေးမှုများကို သက်ဆိုင်ရာမြို့နယ် ရှိ  မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဝန်ထမ်းများက သာယာဝတီမြို့နယ်  ဂုံမင် မြောင်ရွာ၊ သစ်တောရိုးရွာ၊ လက်ပံတန်းမြို့နယ် မကျီးကင်းရွာ၊ သိုက်ဝါးချောင်းရွာ၊ ကညင်တကိုင်ရွာ၊ မင်းလှမြို့နယ်ကိုင်းပြင် ကြီးရွာ၊ ထန်းပင်ကုန်းရွာ၊ ဝက်လှကြီးရွာ၊  အုတ်ဖိုမြို့နယ် မတောင့်တရွာ၊ သရက်ပင်ဆိပ်ရွာနဲ့ ကြို့ပင်ကောက်မြို့နယ် လက်ပံပင်စုရွာ၊ မကျီးကုန်းရွာတို့ရှိ တောင်သူများနဲ့ အောက်တို ဘာလ ဒုတိတပတ်အတွင်း မှာ တွေ့ဆုံပညာပေး ဆွေးနွေး မှုများ ပြုခဲ့ကြပါတယ်။

ထိုသို့ ဆွေးနွေးရာမှာ မိုးစပါးစိုက်ပျိုးမှုများကို နေရာ ဒေသ မြေအတန်းအစားအလိုက် မိုးရွာသွန်းမှု ရေရရှိမှု အရ စောစိုက်တာရှိသလို နောက်ကျစိုက်ပျိုးရတာ ရှိတဲ့အတွက် ရင့်မှည့်ချိန်မတူကြ၍ စောစိုက်တဲ့စပါးများ၊ စောပြီး ရင့်မှည့် သဖြင့် ရိတ်သိမ်းရာမှာ မြေအစိုဓာတ်ရှိနေခြင်း၊ မိုးမိခံရတတ် ခြင်း၊ ၎င်းရိတ်သိမ်းပြီး ကောက်လှိုင်းစည်းများကို လယ်ကွင်း အတွင်း အချိန်ကြာမြင့်စွာထားပြီး၊ ဆောင်းသီးနှံပဲမျိုးစုံတို့ကို အစိုဓာတ်ရှိအောင်စိုက်ပျိုးကြသဖြင့် စပါးကောက်လှိုင်းစည်း များမှာ နေ့အချိန်ပူခြင်း၊ ညအချိန် နှင်းကျကာ စိုထိုင်းမှုဖြစ်၍ စပါးအရည်အသွေးနှင့် အထွက်တင်းအရေအတွက် နိမ့်ကျ လျော့နည်းခြင်းများဖြစ်ပေါ်လျက်ရှိပါတယ်။ ထိုစပါးများကို ကြိတ်ခွဲတဲ့အခါ ကျိုးကြေ၍ ဆန်ထွက်နှုန်း မကောင်းခြင်း ကြောင့် စပါးများရိတ်သိမ်းပြီးနောက်ပိုင်း စနစ်တကျကိုင်တွယ် ထိန်းသိမ်းပြီး ချက်ချင်းခြွေလှေ့သင့်ကြောင်းကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်မှ ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာန လယ်ယာထွက်ကုန်နည်းပညာပေးရေးဌာနခွဲ ၁ ရဲ့ ၂၀၁၁-၁၂ ခုနှစ်ထွက် မိုးစပါးရိတ်သိမ်းပြီး၊ ကောက်လှိုင်း စည်းများကို လယ်ကွင်းအတွင်း အချိန်ကြာမြင့်စွာ ထားခြင်း ကြောင့် လေလွင့်ဆုံးရှုံးမှုနှင့် စပါးအရည်အသွေး လက်တွေ့ စမ်းသပ်တွေ့ရှိချက်  အားနည်းချက်၊ အားသာချက်များကို တောင်သူများအား ကြိုတင်သိရှိနိုင်ရန် ပညာပေး ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။             ခင်ဇော်-လက်ပံတန်း