Main menu

Background

ဗီယက်နမ်နိုင်ငံ ဖူရင်န်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ

Wed, 10/24/2012 - 08:35 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံ ဖူရင်န်ပြည်နယ် (Phu Yen Province) မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာစီးပွားရေး လုပ်ငန်း ရှင်များတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့  ၁၅း၀၀ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး  မင်းရဲကျော်စွာလမ်းရှိ RUMFCCI   ဒုတိယထပ်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ တယ်လို့ သတင်းရရှိပါတယ်။ ဗီယက်နမ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဖူရင်န်ပြည် နယ် ပြည်သူ့ကော်မတီဒုတိယဥက္ကဌ Mr. Nguyen Ngoe An  မှ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၃ ဦး လိုက်ပါလာတာဖြစ်ပါ တယ်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်း ၁၃ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။

Phu Yen Province၊ ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Mr.Nguyen Ngoe Anက ၎င်း တို့ပြည်နယ်မှ  စီးပွားရေး လုပ်ငန်းရှင်များဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် ရန် စိတ်ပါဝင်စားကြပြီး အရောင်းကိုယ်စားလှယ်၊ ကုမ္ပဏီ ကိုယ် စားလှယ်များ ရှာဖွေရန်လာရောက်ကြခြင်းဖြစ်ေ ကြာင်း၊ နှစ် နိုင်ငံကုန်သွယ်မှုများလည်း ယခုကဲ့သို့သော တွေ့ဆုံပွဲများ ကြောင့် တိုးတက်မှုများ ရရှိစေလိုကြောင်း ပြောကြားသွားပါ တယ်။ Phu Yen ပြည်နယ်စက်မှုနှင့် ကုန်သွယ်ရေးဌာနမှ ဒါရိုက်တာ  Mr. Dao Tan Cam မှ Phu Yen Province နဲ့စပ်လျဉ်းပြီး အထွေထွေမိတ်ဆက်၊ ခိုင်မာမှုနဲ့ဖွံ့ဖြိုးတိုးတက် သော စီးပွားရေးအခြေအနေ၊ အဓိက အရေးပါသောထုတ် ကုန်များနဲ့ အဖွဲ့တွင်လိုက်ပါလာသော Phu Yen စီးပွားရေး လုပ်ငန်းများနဲ့ စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းပြောကြား ခဲ့ပါတယ်။ Phu Yen ပြည်နယ်ဟာ (East West Eco- nomic Corridor) အရှေ့အနောက်စြင်္ကံလမ်း ဒါနန်း မြို့မှ ကီလိုမီတာ ၄၀၀ အကွာ၊ ဟနွိုင်းမြို့တော်မှ ၁၆၀ ကီလိုမီတာအကွာနဲ့ ဟိုချီမင်းမြို့တော်မှ ကီလိုမီတာ ၅၆၀ အကွာမှာတည်ရှိပြီး Phu Yen ပြည်နယ်ရဲ့မြို့တော်ကတော့ Tuy Hoa  ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိတဲ့ သဘာဝပတ်ဝန်းကျင်များဖြစ်တဲ့  ပင်လယ်ကွေ့များ၊ ပင် လယ်ကမ်းခြေများ၊ အငူများစွာရှိပြီး ဟိုချီမင်း မြို့တော်နဲ့ ဟနွိုင်းမြို့တော်များသို့ နေ့စဉ်လေကြောင်းများစွာ ပျံသန်းမှု ရှိသလို Vung Ro ပင်လယ်ဆိပ်ကမ်းလည်းရှိတယ်လို့ သိရ ပါတယ်။ Phu Yen ပြည်နယ်ရဲ့ အဓိက လယ်ယာထွက် ကုန်တွေကနေ စက်မှုကုန်ချော ထုတ်လုပ်ငန်းတွေကတော့ ဘီယာနဲ့ အဖျော်ယမကာ၊ ဆေးဝါး၊ သီဟိုဠ်စေ့၊ ရေ ထွက် ကုန်ထုတ်လုပ်မှု၊   ဓာတ်မြေသြဇာ၊   အထည်ချုပ်လုပ်ငန်း၊ ပီလောပီနံ ထုတ်ကုန်များနဲ့ သစ်အချောထည်ပရိဘောဂ လုပ် ငန်းများဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကထုတ်လုပ်တဲ့ပစ္စည်း များကို ပြည်ပသို့ တင်ပို့မှုများကိုလုပ်ဆောင်လျက်ရှိကြောင်း၊ Phu Yen ပြည်နယ်ဟာ လာအိုနဲ့  Bo Y နယ်စပ်ကမ္ဘော ဒီးယားနဲ့ Dak Rue နယ်စပ်များနဲ့ဆက်စပ်လျက်ရှိကြောင်း လည်း သိရပါတယ်။ ယနေ့ကိုယ်စားလှယ်အဖွဲ့မှာ Phu Yen ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း၊ အထည်ချုပ်လုပ်ငန်း၊ ဘီယာနဲ့ အဖျော်ယမကာ၊ သောက်ရေသန့်၊ ပင်လယ်စာထုတ်လုပ်မှု လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းတို့ လိုက်ပါလာကြတာဖြစ် ပါတယ်။                                       ဂန္ဓမာ