Main menu

Background

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်းသင်တန်း တောင်ကြီးမြို့မှာ ဖွင့်လှစ်

Wed, 10/24/2012 - 08:36 -- Anonymous (not verified)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းရဲ့ လမ်းညွှန်မှုအရ ရှမ်းပြည် နယ်အစိုးရက ကြီးမှူးဖွင့်လှစ်သော ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က တောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားမှာ ရှမ်းပြည်နယ် အစိုးရကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်စင်ကြိုင်က ရှင်းလင်းပြောကြားရာမှာ ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ရှမ်းပြည်နယ်ရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ခန်းစာများအပြင် အပြန်အလှန် ဆွေးနွေးခြင်းကဏ္ဍကိုပါ ထည့်သွင်းဆောင်ရွက် ပေးသွားမှာဖြစ်လို့ သင်တန်းတက်ရောက်ကြတဲ့ ဌာနဆိုင်ရာများနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ သိချင်တာကို ပွင့်ပွင့် လင်းလင်း မေးမြန်းဆွေးနွေးကြရန် နဲ့ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတက ရင်းနှီး မြှုပ်နှံခွင့် ခွင့်ပြုဆောင်ရွက်ရာမှာ တိုင်းရင်းသားများရဲ့ အကျိုးစီးပွားမထိခိုက်ေ စရေး၊ နိုင်ငံ့ဂုဏ်သိက္ခာမထိခိုက်စေရေး၊ အချုပ်အခြာအာဏာမထိခိုက်စေရေးတို့ကို အလေးထားဆောင်ရွက်ရန်နဲ့ အရေးကြီး ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်မှာ မြန်မာ့စီးပွားရေး ဦးမော့လာရေးဖြစ်ပြီး၊ ခေတ်မီဖွံ့ဖြိုး တဲ့ နိုင်ငံကြီးဖြစ်လာ ရန်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ပေါ် လာရေးအတွက် မိုက်ခရိုစီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကို ရေတိုရေရှည်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အရ နိုင်ငံခြားသားများအား ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုကိုဖြစ်စေ၊ အစိုးရဌာန၊ နိုင်ငံသားပုဂ္ဂလိကများနဲ့ ဖက်စပ်လို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရလည်း မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ ဌာနဆိုင်ရာ ဧည့်သည် တော်များ ၃၁ ဦးနဲ့ သင်တန်းသူ၊ သင်တန်းသား ၈၉ ဦး၊ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ မင်းအောင်-တောင်ကြီး