Main menu

Background

အိန္ဒိယ-မြန်မာ Buyer- Seller Meet ကျင်းပမည်

Wed, 10/24/2012 - 08:37 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ Indo Myanmar Chamber of Commerce and Industry  မှ Mr. G.L ဂိုအင်ကာ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးပါ ကိုယ်စား လှယ်အဖွဲ့ဟာ အောက်တိုဘာ ၂၉ ရက် တနင်္လာနေ့ ၁၄း၀၀ အချိန်မှာ မြန်မာနိုင်ငံ မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ "Buyer  - Seller  Meet " တွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး မင်းရဲကျော်စွာလမ်းရှိ RUMFCCI ပထမထပ်အစည်းအဝေး ခန်းမမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့အနေနဲ့ လက်မှုအနုပညာလုပ်ငန်း၊ ခရီးသွားလုပ် ငန်း၊အပူပေးစက်၊ ရေနွေး ငွေ့ လုပ်ငန်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းသိမ်းရေး စနစ် ဆိုင်ရာလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ ဆေးဝါး၊ စက်မှုကုန်ကြမ်းများ၊ ဆောက် လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံးပစ္စည်း များ၊ အလူမီနီယံပြားပေါ်ပုံနှိပ်လုပ်ငန်း၊ စက်သုံးဆီအမျိုးမျိုး၊ သတ္တုလုပ်ငန်း၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဓာတုဗေဒလုပ် ငန်းများကို မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် " Buyer - Seller  Meet"  ကျင်းပပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဂန္ဓမာ