Main menu

Background

မုံရွာမြို့နယ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဇေယျာပဒေသာဖောင်ဒေးရှင်းမှ တတိယအကြိမ် ငွေချေး

Wed, 10/24/2012 - 08:38 -- Anonymous (not verified)

မုံရွာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းရဲ့ ကော်မတီတစ်ခုဖြစ်တဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မုံရွာမြို့နယ် ကျေးရွာအုပ်စု ၈ ခုရှိ အသေးစား ကုန်ထုတ် လုပ်ငန်းများ ဖြစ်ကြတဲ့ ယွန်းလုပ်ငန်း၊ ဝါးဖောင်လုပ်ငန်း၊ ကြေးပုတီး၊ ရက်ကန်း၊ ဂွမ်းစောင်ချုပ်၊ ခမောက်၊ တောင်း၊ တံမြက်စည်း၊ မုန့်မျိုးစုံ၊ ယိုစုံ၊ ထွန်၊ သံ၊ ပန်းပဲ၊ အမှုန့်ကြိတ်စက်၊ ဆိုင်ကယ်၊ဝပ်ရှော့စတဲ့လုပ်ငန်းဆောင်ရွက်သူကျေး လက်နေပြည်သူတို့အား စစ်ကိုင်း တိုင်းဒေသကြီးအစိုးရဇေယျာပဒေသာဖောင်ဒေးရှင်းမှ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်က စပြီး ပံ့ပိုးချေးငွေများ ထုတ်ပေးခဲ့ပါတယ်။

ယခုအခါ မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး ကော်မတီရဲ့ စည်းကြပ်မှုနဲ့ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ လယ်ယာထွက်ကုန်မြို့နယ်တာဝန်ခံနဲ့အဖွဲ့ဝင်များ ဟာ ဇေယျာပဒေသာ ဖောင်ဒေးရှင်းမှ တတိယအကြိမ်ထုတ်ချေးငွေ ကျပ် ၂၂၃ ဒသမ ၅၀ သိန်းအား သက်ဆိုင်ရာ ကျေးရွာအုပ်စုတစ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ ထောက်ခံချက် များနဲ့အတူ ချေးငွေ စာချုပ်ပုံစံဖြည့်စွက်ပြီး ၂၀၁၂ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ထုတ်ချေးပေးခဲ့တယ်လို့သိရပါတယ်။ ယခုထုတ်ချေးရာမှာ စုဆောင်း ငွေ ထည့်ဝင်စရာမလိုဘဲ အတိုးနှုန်း ၂ ကျပ်နဲ့ ၆ လပြည့်ရင် အတိုးအရင်း ကြေ လည်အောင်ပေးဆပ်ရမှာ ဖြစ်လို့ ချေးငွေကာလအတင့်အသင့်ကြာမြင့်သဖြင့် ငွေ ချေးသူများအတွက် စိတ်ကျေနပ်မှုရှိစေတယ်လို့ ကွင်းဆင်း ဆောင်ရွက်ရာမှာ ကိုယ်တိုင် ခံစားသိရှိခဲ့ရပါတယ်။ထွန်းလှိုင်-မုံရွာ