Main menu

Background

မြစ်ကြီးနားမြို့တွင် ကုန်စည်ဒိုင်ဖွင့်လှစ်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

Wed, 10/24/2012 - 08:38 -- Anonymous (not verified)

ကချင်ပြည်နယ် ပြည်တွင်းကုန် သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ မြစ်ကြီးနားမြို့နယ်မှာ ကုန်စည်ဒိုင် ဖွင့် လှစ်နိုင်ရေး ၂၀၁၂ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်က မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ပြည် နယ်ရုံးမှာ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။

အစည်းအဝေးပွဲကို ဆက်စပ်ဌာန များ ဖြစ်တဲ့ စည်ပင်သာယာရေး၊ လမ်း ပန်းဆက်သွယ်ရေး၊ သမဝါယမ ဦးစီး ဌာန၊ ပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ပြည်နယ်/ မြို့နယ်ဆန်စပါးကုန်သည်များ အသင်း၊ ပြည်နယ်/မြို့နယ် ဆန်စက်လုပ်ငန်း ရှင်များအသင်းနှင့်ဖိတ်ကြားထားသော ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၁၁ ဦး တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးပွဲမှ ကုန်စည်ဒိုင် ဖွင့် လှစ်ရာတွင် ကုန်စည် စီးဆင်းမှုရှိတဲ့ ဒေသများ၊ ဈေးကွက်အချက်အချာ ကျတဲ့နေရာများ၊ လမ်းပန်းဆက်သွယ် ရေး အချက်အချာကျတဲ့ ဒေသများထဲမှ ရွေးချယ်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေး ခဲ့ပြီး၊ ဒေသအာဏာပိုင်ထံ တင်ပြညှိနှိုင်း ရယူဖို့ စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။မောင်မောင်ခိုင် - မြစ်ကြီးနား