Main menu

Background

လားရှိုးမြို့မှာ ယူနန်ပြည်နယ်၊ လင်ချန်းမြို့မှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Wed, 10/24/2012 - 08:40 -- Anonymous (not verified)

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၅ ရက်က လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုး ဦးဆောင်တဲ့ တွဲဘက် ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ လားရှိုးမြို့ နယ် အုပ်ချုပ်ရေးမှူးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ အလုပ်အမှုဆောင်တို့ ပါဝင်တဲ့ အဖွဲ့ဝင် ၁၇ ဦးတို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်လင်ချန်းမြို့မှ ကွန်မြူနစ်ပါတီအတွင်းရေးမှူး မစ္စတာရန်ဟုန်း ပေါ် ဦးဆောင်တဲ့ ပါတီအတွင်းရေးမှူးများ၊ လင်ချန်းမြို့မှ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ ကုန်သည်လုပ်ငန်းရှင်များ ၁၀ ဦးပါဝင် သော လေ့လာရေး ကိုယ်စားလှယ်အဖွဲ့နဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ တရုတ်လေ့လာရေး အဖွဲ့မှာ လေ့လာရေး ကိုယ်စားလှယ် ၁၀ ဦးအပါအဝင် စုစု ပေါင်း ၂၂ ဦးတို့ လိုက်ပါလာခဲ့ ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာလားရှိုးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးက ယခုဧည့်သည်တော်များနဲ့ ယခင်က ပထမအကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရာမှာ ပထမအကြိမ်ဆွေးနွေးပွဲမှ တွေ့ကြုံ ခဲ့တဲ့အသေးစိတ် အချက်အလက် များကို ပြန်လည်ဆွေးနွေး မည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် ဆွေးနွေး ခဲ့စဉ်က အချက်အလက်များကို အထက်ဌာနများကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး စနစ်အရ နိုင်ငံတကာနဲ့ ဆက်သွယ်ခွင့် တွေအများကြီး ရရှိလာပါကြောင်း ပြော ကြားခဲ့ပါတယ်။ ဆက်လက်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ လေ့ လာရေး အဖွဲ့ခေါင်းဆောင်မှ လားရှိုးမြို့မှ ပို့ကုန်ပစ္စည်းများအား မိမိတို့ နိုင်ငံကို တင်ပို့တာဟာ အရေးကြီးပါကြောင်း၊ လားရှိုးမြို့နဲ့ လင်ချိန်းမြို့ အကြားမှ ပညာရေး၊ယဉ်ကျေးမှုနဲ့ စီးပွားရေးတွေနဲ့ ပတ် သက်ပြီး၊ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊ မြို့နှစ်မြို့အကြားမှာ  အခြေခံစက်မှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ လင်ချန်းနဲ့လားရှိုးမြို့အကြား လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ရေး အတွက် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း ရော်ဘာ၊ ကော်ဖီ၊ ကြံစတဲ့သီးနှံများ စိုက်ပျိုးရေးမှာလည်း နည်းပညာများ ပူးပေါင်း ဆောင်ရွက်ရေး၊ လျှပ်စစ်လုပ်ငန်း အခြေခံအဆောက်အအုံ လုပ်ငန်း တွေလည်း ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး လမ်းပန်း ဆက်သွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ Asia  World  Co.,Ltd   နဲ့  ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေ၊ ယခုနှစ် ၄ လပိုင်းမှစပြီး ချင်းရွှေဟော် လမ်းပိုင်းဖောက်လုပ်နေမှု၊ ၎င်းင်းလမ်းအား ဆောလျင်စွာ ဖောက်လုပ်ရေးနဲ့ လမ်းအရည်အသွေး မြင့်မားပြီး၊ အဆင့်မြင့်လမ်းမကြီး ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်း ဆောင်ရွက်မယ့် အခြေအနေများ ကို ဆွေးနွေး ပြောကြားခဲ့ပါတယ်။ မိမိတို့ဘက်မှ ပြန်လည်ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား လူဝင်၊ လူထွက်ကိစ္စနဲ့ပတ် သက်ပြီး၊ ဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ လာမယ့် ၆ လမှာ Entry  Permit  နဲ့ တရုတ်နိုင်ငံမှ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်းသို့ ဝင်ရောက်နိုင်မယ့် အစီအမံများနဲ့ ရှေ့ ဆက်လက်ဆောင်ရွက်မယ့်အစီအမံများအားလည်းကောင်း၊ပြည်နယ် အတွင်း တောင်သူများမှ လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးနေမှု အခြေအနေ၊  ဒေသအတွင်း ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး လုပ်ငန်း များမှာစိုက်ပျိုးရေးနည်းပညာများ လိုအပ်နေမှုအခြေအနေ၊ လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများ အား တရားဝင်တင်သွင်းလိုရေး ကိစ္စနဲ့ သီးနှံဈေးကွက် တည်ငြိမ်မှုရှိ အောင် တရုတ်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးရေးကိစ္စတို့အား လည်း ကောင်း၊ ပြည်နယ်အတွင်း ရော်ဘာ၊ ကော်ဖီ၊ မက္ကဒေးဗီးယား၊ ကြံ၊ သီဟိုဠ်စတဲ့သီးနှံများ စိုက်ပျိုးရေးမှာ ဒေသတွင်း နည်းပညာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ဒေသတွင်း ရာသီဥတုနဲ့ ကိုက် ညီပြီး၊ ဈေးကွက်ထဲဝင်နိုင်တဲ့ နှစ်ရှည်သီးနှံများကို စိုက်ပျိုး ထုတ် လုပ်နေမှုအခြေအနေ၊ ကြံသီးနှံကို လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ ဒေသများမှာ စံပြစိုက်ကွက်များနဲ့ စိုက်ပျိုးနေမှု အခြေအနေနဲ့ ရော်ဘာ၊ ကော်ဖီစတဲ့ သီးနှံများကို နောက်နှစ်တွေမှာ တောင်သူတွေ အနေနဲ့ စံပြစိုက်ကွက်များဖြစ်အောင် ဆောင်ရွက်မယ့် အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ကုန်သွယ်ရေး ကဏ္ဍမှာ ပို့ကုန်၊ သွင်းကုန်အခွန်အခများနဲ့ ပတ်သက်ပြီး ဖြေလျော့ ပေးထားမှု အခြေအနေ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်အတွင်းမှ ပြောင်းသီးနှံများ တရုတ်နိုင်ငံကို တစ်နှစ် တန်ချိန် ၃ သိန်းကျော် တင်ပို့နေမှု အခြေအနေ၊ မြန်မာနိုင်ငံမှ တရုတ်ပြည်ကို မူဆယ်မှ တစ်ဆင့် ဆန်အများအပြား တင်ပို့နေမှုအခြေအနေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ နှစ်နိုင်ငံ ကုန်သွယ်ရေး တန်းတူညီမျှမှုဖြစ်စေဖု့ိ တရုတ်နိုင်ငံအစိုးရနဲ့ ဆွေးနွေး ဆောင်ရွက်နေမှု အခြေအနေ၊ တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ တရားမဝင်လိုင်စင်မဲ့ စားသုံးဆီနဲ့ လူ၊ တိရစ္ဆာန်များအား ကျန်းမာရေး အရ ဘေးဥပဒ်အန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်များ မူဆယ် မှ တစ်ဆင့် ဝင်ရောက်နေမှုအခြေအနေ၊ ၎င်း ဝင်ရောက်နေမှုများ အား တရုတ်ဘက်မှ တားဆီးနိုင်ရေး ကူညီဆောင်ရွက်ပေးဖို့ ကိစ္စနဲ့ မိမိဘက်မှလည်း ကျန်းမာရေးဝန်ကြီးဌာန (FDA) စစ်ဆေး ထောက် ခံချက်များ ပါရှိမှသာ စားသောက်ကုန် ပစ္စည်းများကို တင်သွင်းမယ့် အခြေအနေ၊ ယခုနှစ်ကုန်မှာ တရုတ်နိုင်ငံ လင်ချန်းခရိုင်ဘက်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် တရုတ်- မြန်မာ ကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံဘက်မှ ပြပွဲနဲ့ ပတ်သက်ပြီး ဆောင်ရွက်သင့်တဲ့ လုပ်ငန်း လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ တယ်။                                ဝင်းမြင့်ဦး - လားရှိုး