Main menu

Background

ရေကြောင်းလမ်းမှ စက်သုံးဆီတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်

Mon, 10/29/2012 - 04:32 -- Anonymous (not verified)

 
ရန်ကုန်မှာ ပုဂ္ဂလိကဆီဆိုင်များ လီတာနှုန်းနဲ့ စတင်ရောင်းချ အောက်တိုဘာ တတိယပတ်အတွင်းမှာ ပင်လယ်ရေကြောင်းလမ်းမှ ဓာတ် ဆီ၊  ဒီဇယ်တင်သွင်းရန်အတွက်ကုမ္ပဏီ ၁၀ ခုမှ သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့ပါ တယ်။ လိုင်စင်လျှောက်ထား တန်ချိန်မှာ ဓာတ်ဆီတန်ချိန် ကိုးထောင့်ရှစ်ရာရှိခဲ့ပြီး ဒီဇယ်က တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

 
ရန်ကုန်ဈေးကွက်မှာ  ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဈေး ကို လီတာနှုန်းနဲ့ရောင်းချတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်း မှာ ဓာတ်ဆီ  တစ်လီတာ ၈၀၃ ကျပ်၊ ဒီဇယ်တစ်လီတာ ၈၆၀ ကျပ်၊ အောက်တိန်း တစ်လီတာ ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၈၈၀ ကျပ်တို့နဲ့ ရောင်းချပေး နေတယ် လို့ သိရပါတယ်။ ပြင်ပဆိုင်မှာ ဒီဇယ်ဈေးက တစ်ဂါလန် ၃၇၀၀-၃၈၀၀ ကျပ်ရှိပြီး ဓာတ်ဆီက တစ်ဂါလန်ကို ၃၉၀၀-၄၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ  ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်းလဲပေမယ့် ပြင်ပဆိုင်မှာတော့ ဓာတ်ဆီ၊ ဒီဇယ်က ဈေးအနည်းငယ်ကျ လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ တစ်ဂါ လန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ ပြင်ပဆိုင်ရဲ့ဈေးက ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀-၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၇၀၀-၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ  ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးက မပြောင်းလဲပေမဲ့လည်း ပြင်ပဆိုင်ရဲ့ ဒီဇယ်နဲ့ အောက်တိန်းက ဈေးအနည်းငယ် မြင့်လာပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ဈေး မှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၅၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်ဖြစ်တယ် လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ  ပြင်ပဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက မပြောင်းလဲ သလို ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးကလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၉၀၀ ကျပ်၊ ဒီဇယ်ဈေးက တစ်ဂါလန် ၃၉၅၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပဆိုင်များရဲ့ ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT-DOT
ဓာတ်ဆီ တန်ချိန် သုံးသောင်းကျော် တင်သွင်းနိုင်တာချီလိတ်၊  မြိတ်နဲ့ မူဆယ်နယ် စပ်များမှ အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၂၀၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၃၆၈၉ ဂါလန် အသွင်းရှိခဲ့ပါ တယ်။ နယ်စပ်အလိုက်  ဓာတ်ဆီတင် သွင်းမှုများမှာ တာချီလိတ်မှ ၁၅၂၀၉ ဂါလန်၊ မြိတ်မှ ၁၅၄၀၀ ဂါလန်နဲ့ မူဆယ်မှ ၃၀၈၀ ဂါလန် အသီးသီးဖြစ်ပါ တယ်။ ဒီဇယ်ဆီ တင်သွင်းမှုကိုကြည့် မယ်ဆိုလျှင် ကန်ဒေါ်လာ သုည ဒသမ ၂၈၄ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၉၁၂၆၅ ဂါလန်ကို တာချီလိတ်မှ ၆၅၀၁၅ ဂါလန် ခန့်နဲ့ မြဝတီမှ ၂၆၂၅၀ ဂါလန် တင် သွင်းခဲ့ပါတယ်။  MIRT(DOBT)