Main menu

Background

ကမ္ဘာအနှံ့ ဗဟိုဘဏ်များက ငွေကြေး၊ စီးပွားရေး လှုံ့ဆော်မှု စီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မည်မဟုတ်ဟု စိုးရိမ်လာကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေ

Mon, 10/29/2012 - 04:35 -- Anonymous (not verified)

 
တရုတ်နိုင်ငံမှာ စက်တင်ဘာလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ ဝင်ရောက်မှု ဆက်လက်ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက အောက်တိုဘာ ၁၉ ရက်မှာပြောကြားခဲ့တယ်။ စက်တင်ဘာလအတွင်း FDI ဝင်ရောက်မှုက ယခင်နှစ် အလားတူကာလနဲ့ယှဉ်ရင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၈ ဒသမ ၄၃ ဘီလီယံသာ ရရှိခဲ့တယ်လိ့ု သိရတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးနေတဲ့ သတင်းက ကမ္ဘာ့ရွှေဝယ်လိုအားအပေါ် အနည်းငယ်သက်ရောက်မှုရှိခဲ့ရာ အောက်တိုဘာ ၂၂ ရက် ကမ္ဘာ့ရွှေဈေးနှုန်းတွေက ကျဆင်းလာခဲ့တယ်။ နယူးယောက် Comex မှာ ဒီဇင်ဘာလအရောက်ပိုရမယ့် ရွှေဈေးနှုန်းက တစ်အောင်စကို ၁၇၄၂ ဒေါ်လာနဲ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁း၄၀ နာရီမှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။

၎င်းအချိန်မတိုင်မီက တစ်အောင်စကို ၁၇၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ရာ စက်တင်ဘာ ၇ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရ ပါတယ်။ ဒါ့အပြင် လက်ရှိသီတင်းပတ်နှစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၃ ဒသမ ၂ ရာခိုင်နှုန်း ဈေးကျဆင်းခဲ့ပြီးဖြစ်တယ်လို့သိရတယ်။ ကမ္ဘာ အနှံ့ ဗဟိုဘဏ်တွေ က ငွေကြေး မူဝါဒဖြေလျော့မှုများ၊ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ထပ်မံဆောင်ရွက်တော့မှာ မဟုတ်ကြောင်း စိုးရိမ်လာကြခြင်းက ရွှေဝယ်လိုအားအပေါ် စိုးရိမ်မှုဖြစ်စေတယ်။ စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းတွေ ဆောင်ရွက် မှသာ ငွေကြေးဖောင်းပွမှုကိုဖြစ်စေပြီး ရွှေကိုဝယ်လိုအား များလေ့ရှိတယ်။             Source:Bloomberg.com,  ပပ