ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် ယခင်တစ်ပတ်ကထက် ကျဆင်းလာခဲ့ရာ တစ်ပတ်အတွင်း ကျပ် တစ်သောင်းနီးပါး ကျဆင်းလာခဲ့ ကြောင်း သိရသည်။
မြန်မာ့ရွှေဈေးသည် အောက်တို ဘာ ၂၂ ရက်က ၇၇၄၀၀၀ ကျပ်ရှိခဲ့ ရာမှ အောက်တိုဘာ ၂၄ ရက်တွင် ၇၆၈၅၀၀သို့ ကျဆင်းလာခဲ့သည်။ ထို့ နောက် ဆက်လက်ကျဆင်းလာခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် ကျပ် ၇၆၅၅၀၀ သို့ ထပ်မံကျဆင်းခဲ့ရာ တစ် ပတ်အတွင်း ကျပ် ၉၅၀၀ အထိ ကျ ဆင်းလာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဆက် တိုက်ကျဆင်းခဲ့ရာ အောက်တိုဘာ ၂၂ ရက်က ၁၇၂၅ ဒေါ်လာရှိခဲ့ရာမှ ၂၆ ရက်တွင် ၁၇၀၄ ဒေါ်လာအထိ ကျ ဆင်းခဲ့သည်။"မြန်မာ့ရွှေဈေး ကျဆင်းတာကမ္ဘာ့ ရွှေဈေးကြောင့်လို့ ပြောလို့ရပါတယ်။ နိုင်ငံတကာမှာ အကျပ်အတည်းေ တွ ဖြစ်နေကြတာဆိုတော့ ရွှေကို ထုတ် ရောင်းလာကြတာ၊ အဲဒါကြောင့် ကမ္ဘာ့ ရွှေဈေးကျလာတာပါ။ မြန်မာ့ရွှေဈေး ကလည်း ကမ္ဘာ့ရွှေဈေးနဲ့ချိန်ထိုးထား တာဆိုတဲ့အတွက် ဒီမှာက ဒေါ်လာ ဈေးကလည်း ကျလာဆိုတော့ မြန်မာ့ ရွှေဈေးက ကျလာရတာပါ" ဟု ရွှေကုန် သည်တစ်ဦးက ဆိုသည်။မယ်သီတာ