Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Mon, 10/29/2012 - 04:42 -- Anonymous (not verified)

နို့ဆီ၊ နို့စိမ်းသာမက  နို့မှုန့်ပါ အဝင်ပိုအောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက် တာ ကာလအတွင်းမှာ နို့ဆီ ၆၀၄ ဒသမ ၅၈ တန်၊ နို့စိမ်း ၂၇၄ ဒသမ ၁၇၆ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ  မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်  နို့ဆီအဝင်ပျောက်ခဲ့ ပေမယ့် ဒီတစ်ပတ်မှာတော့ ဝင်အား ကောင်းကောင်းနဲ့ ဝင်လာတာ တွေ့ရ ပါတယ်။

နို့မှုန့်က  မလေးရှား၊ စင်ကာပူ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့မှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့် အဝင်က တန်ချိန် တစ်ရာကျော်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် ပိုခဲ့ပါတယ်။ MIRT (DOT)
 
ယခုအပတ် နယ်စပ်မှ နို့ဆီနဲ့ နို့မှုန့် အသွင်းပြန်ရှိလာအောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက် ထိကာလအတွင်းမှာ ကော့သောင်းနယ် စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်း တန်ဖိုးရှိ နို့ဆီ ၃၆ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ နို့စိမ်း ၁၈တန်ကျော်နဲ့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၃ သန်းတန်ဖိုးရှိ နို့မှုန့် ၅၇ တန်ကျော် အသီးသီး အသွင်းရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က နို့ဆီနဲ့ နို့မှုန့် အသွင်း မရှိဘဲ ယခုအပတ်မှာအသွင်းရှိလာတာ ဖြစ်ပြီး နို့စိမ်းတင်သွင်းမှုကတော့ ယခင် အပတ်ထက် ထက်ဝက်ကျော် လျော့ နည်းခဲ့ပါတယ်။       MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများနို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီးလက်လီ ဈေးတွေကတော့    အောက်ပါအတိုင်း ဖြစ်ပါ တယ်- နို့ဆီလက်လီဈေး             ကျပ်/တစ်ဘူး ဒွန်း (နို့ဆီ)       ၇၈၀    ၇၅၀        ဒွန်း (နို့စိမ်း)      ၆၇၀    ၆၂၅ ဝမ်းတီးနို့ဆီ      ၆၆၀    ၆၆၀ အိုကေ(နို့ဆီ)    ၆၅၀    ၆၁၅ အိုကေ(နို့စိမ်း)   ၆၅၀   ၆၀၀ MIRT (DOT)